အရည်အသွေးမြင့်စက်ပစ္စည်းတွေကို ဘာကြောင့် ရွေးချယ်သင့်တာလဲ။
တိုးတက်ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းနှင့် အရည်အသွေးမြင့် ခေတ်မီစက်ပစ္စည်းများ၏ အရေးပါမှု ...
အရာရာ မြန်ဆန်စွာ တိုးတက်ပြောင်းလဲနေသော ယနေ့ခေတ်တွင် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ၌ အရည်အသွေးမြင့် ခေတ်မီစက်ပစ္စည်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါလာပြီဖြစ်ပြီး လုပ်ငန်းရှင်များသည် မိမိတို့၏ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ခေတ်မီစက်ပစ္စည်းများကို အသုံးပြုရန် လိုအပ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် မိမိတို့၏ ထုတ်ကုန်များသည် ခေတ်ရေစီးကြောင်းနှင့်အညီ ရင်ဘောင်တန်းနိုင်ပြီး ယှဉ်ပြိုင်မှု များပြားလာသော ဈေးကွက်အတွင်း ရေရှည် ကောင်းမွန်စွာ ရပ်တည်နိုင်စေရန်အတွက် ဖြစ်ပါသည်။
အားကောင်းကောင်းနှင့် စဉ်ဆက်မပြတ် အမြဲလည်ပတ်နေရသည့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများတွင် တန်ဖိုးငွေကြေး အနည်း၊ အများကိုသာ ကြည့်၍ အရည်အသွေး နိမ့်သည့် စက်ပစ္စည်းများကို အသုံးပြုမည်ဆိုပါက အချိန်ကြာလာသည်နှင့်အမျှ စက်များ ချို့ယွင်းလာမှုကြောင့် ထုတ်ကုန်အရည်အသွေး ကျဆင်းပြီး ဈေးကွက် ယှဉ်ပြိုင်ထိုးဖောက်နိုင်စွမ်းကို ကျဆင်းစေပါသည်။ ထို့အပြင် စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ အစားထိုး တပ်ဆင်ခြင်း စသည့် လုပ်ငန်းစဉ်များကိုလည်း ပြုလုပ်ရသောကြောင့် ထုတ်လုပ်မှုများ ရပ်ဆိုင်းထားရပြီး အချိန်ကုန်၊ ငွေကုန်ကာ ကုန်ထုတ်လုပ်နိုင်မှုကို ကျဆင်းစေသကဲ့သို့ လုပ်ငန်းမှ ရရှိသော အမြတ်အစွန်းများကိုလည်း လျော့နည်းစေပါသည်။
အရည်အသွေးနိမ့် စက်ပစ္စည်းများ၏ လုံခြုံရေးစနစ်များသည်လည်း ယုံကြည်စိတ်ချရခြင်း မရှိသောကြောင့် စက်ရုံ၊ အလုပ်ရုံရှိ လုပ်သား၊ ဝန်ထမ်းများအတွက် အချိန်မရွေး အန္တရာယ်များ ပေါ်ပေါက်လာစေနိုင်ပြီး ကြီးမားသော ဆုံးရှုံးမှုများကို ဖြစ်စေနိုင်ပါသည်။
လူသားတို့သည် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများတွင် လူအင်အားဖြင့် လုပ်ဆောင်ရန် ခက်ခဲသော လုပ်ငန်းများ၊ အန္တရာယ်ရှိသော လုပ်ငန်းခွင် နေရာများတွင် စက်များဖြင့် အန္တရာယ်ကင်းကင်း လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်စေရန်နှင့် ထုတ်ကုန်များကို ကုန်ကျစရိတ် သက်သာစွာဖြင့် ထုတ်လုပ်နိုင်စေရန်အတွက် ရှေးယခင်အချိန် (၁၈၀၀) ခုနှစ်များကတည်းက စက်ပစ္စည်းများကို စတင်တီထွင်ခဲ့ကြပါသည်။
ထို့နောက် စက်ဖြင့် ထုတ်လုပ်မှုကို အထည်အလိပ်လုပ်ငန်းများတွင် ပထမဦးစွာ စမ်းသပ်ထုတ်လုပ်ခဲ့ကြပြီး အချိန်အနည်းငယ် အတွင်းမှာပင် နည်းပညာများ တိုးတက်လာကာ အရည်အသွေးမြင့် ခေတ်မီစက်ပစ္စည်းများကို ပြောင်းလဲ အသုံးပြုလာနိုင်ခဲ့ကြပါသည်။ အထည်အလိပ်များကို ခေတ်မီစက်ကြီးများဖြင့် ထုတ်လုပ်ခြင်းက ဆန်းသစ်သော ဒီဇိုင်းများကို အလွယ်တကူ ပုံဖော်ဖန်တီးနိုင်၍ ကုန်ကြမ်းများကိုလည်း စနစ်တကျ စီမံ ထုတ်လုပ်နိုင်သောကြောင့် ဒီဇိုင်းနှင့် အရည်အသွေးကို ပိုမိုတိုးတက်ကောင်းမွန်စေပါသည်။
အချိန်တိုအတွင်း အထည်အလိပ်များစွာကို မြန်ဆန်စွာ ထုတ်လုပ်နိုင်ပြီး အလေအလွင့်၊ အပျက်အစီးလည်း မရှိသလောက် နည်းပါးသောကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်ကိုလည်း သက်သာစေပါသည်။ ထိုသို့ အရည်အသွေးမြင့် ခေတ်မီစက်ကြီးများဖြင့် အထည်အလိပ်များ ထုတ်လုပ်ခြင်းဖြင့် အထည်အလိပ် လုပ်ငန်းရှင်ကြီးများသည် မိမိတို့၏ ထုတ်ကုန်များကို စျေးကွက်အတွင်း ယှဉ်ပြိုင်ရောင်းချနိုင်ပြီး အမြတ်အစွန်းများစွာ ပိုမိုရရှိလာခဲ့ကြပါသည်။
ထိုအချိန်မှစ၍ ကုန်ထုတ်လုပ်ရေး လုပ်ငန်းရှင်ကြီးများသည် မိမိတို့၏ စားသောက်ကုန်လုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်ခြင်း လုပ်ငန်းများ၊ အီလက်ထရောနစ်နှင့် အိမ်သုံးပစ္စည်း ထုတ်လုပ်ခြင်း လုပ်ငန်းများ စသည့် လုပ်ငန်းအမျိုးမျိုးတွင် အရည်အသွေးမြင့် ခေတ်မီစက်ကြီးများကို တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြပါသည်။
စားသောက်ကုန်လုပ်ငန်းများတွင် ခေတ်မီစက်ပစ္စည်းများ အသုံးပြု ထုတ်လုပ်ခြင်းကို (၁၉) ရာစု နှောင်းပိုင်းတွင် စတင်ခဲ့ကြပြီး ခေတ်မီစက်များဖြင့် စားသောက်ကုန် ထုတ်လုပ်ခြင်းက အစားအစာများကို လူကိုယ်တိုင် ထိတွေ့စရာမလိုပဲ စက်များ၏ အလိုအလျောက်စနစ်ဖြင့် လည်ပတ်ထုတ်လုပ်သွားနိုင်စေသောကြောင့် စားသောက်ကုန်များကို အထူး သန့်ရှင်းမှု ရှိစေပါသည်။
အချိုးအဆ တိကျမျှတစွာ ပါဝင်သော စားသောက်ကုန်များ၏ ပါဝင်ပစ္စည်းများကိုစက်ကြီးများ၏ Mixing System ဖြင့် သေချာ ရောနှောမွှေစပ်ပေးသောကြောင့် တူညီသော အရသာ၊ အာဟာရကို ပေးစွမ်းနိုင်သည့် အရည်အသွေး ပြည့်ဝသော ထုတ်ကုန်များကို ရရှိစေပါသည်။
ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချနိုင်ရန်အတွက် ထုပ်ပိုးသည့်အခါတွင်လည်း လေဝင်လေထွက်မရှိစေရန် စနစ်တကျ ထုပ်ပိုးပေးသောကြောင့် စားသောက်ကုန် အရည်အသွေးကို ကြာရှည်စွာ ထိန်းသိမ်းပေးထားနိုင်ပါသည်။
ဤကဲ့သို့ သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးပြည့်ဝသော စားသောက်ကုန်များကို ထုတ်လုပ်နိုင်ခြင်းဖြင့် ၎င်းတို့၏ ထုတ်ကုန်များသည် ဈေးကွက်တွင် နာမည်ကောင်းဖြင့် ရေရှည် ရပ်တည်လာနိုင်ခဲ့ကြပါသည်။
ယခုအခါတွင်လည်း လုပ်ငန်းရှင်ကြီးများသည် မိမိတို့၏ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အရည်အသွေးမြင့် ခေတ်မီစက်ပစ္စည်းများကို ရွေးချယ်အသုံးပြုမည်ဆိုပါက စက်ပစ္စည်းများ၏ နောက်ဆုံးပေါ် အဆင့်မြင့် နည်းပညာများသည် တိုးတက်ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းနှင့်အညီ ဆန်းသစ်သော အရည်အသွေးမြင့် ထုတ်ကုန်များကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး လူကြီးမင်းတို့၏ ထုတ်ကုန်များသည် ဈေးကွက်တွင် ယှဉ်ပြိုင်ထိုးဖောက်နိုင်သော နံပါတ် (၁) ထိပ်တန်း ထုတ်ကုန်များအဖြစ် ရေရှည် ရပ်တည်နိုင်မည်ဖြစ်ပါသည်။
ထို့အပြင် ခေတ်မီစက်ပစ္စည်းများ အသုံးပြုခြင်းသည် မကြာခဏ စက်ချို့ယွင်းမှုများမှလည်း ကင်းဝေးစေပြီး ကုန်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန်စေကာ ကုန်ထုတ်လုပ်မှု စနစ်ကို ကောင်းစွာ စီမံနိုင်သောကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များကိုလည်း သိသိသာသာ လျော့နည်းစေမည် ဖြစ်ပါသည်။
ခေတ်မီစက်ပစ္စည်းများတွင် အဆင့်မြင့် လုံခြုံရေးစနစ်များ ပါရှိသောကြောင့် လုပ်ငန်းခွင်အတွင်း ထိခိုက်အန္တရာယ် ဖြစ်ပွားနိုင်ခြေကိုလည်း ကာကွယ်ပေးနိုင်ပြီး လုပ်သားများကို လုံခြုံစိတ်ချစွာနဲ့ အလုပ် လုပ်ဆောင်နိုင်စေမည် ဖြစ်ပါသည်။
သို့သော်လည်း မိမိတို့၏ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများကို စက်ပစ္စည်းများဖြင့် လည်ပတ်တော့မည်ဆိုပါက ၎င်းစက်များတွင် သုံးစွဲရသော လောင်စာဆီကြောင့် ပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုများ ဖြစ်စေနိုင်သည့်အတွက် ထိုညစ်ညမ်းမှုများကို လျှော့ချနိုင်စေရန် သဘာဝဓာတ်ငွေ့ (Natural Gas) နှင့် အခြားလောင်စာစွမ်းအင် အစားထိုးပစ္စည်းများကိုလည်း အသုံးပြုနိုင်ရန် ကြိုတင် ပြင်ဆင်ထားရမည်ဖြစ်ပါသည်။
ထို့ကြောင့် လုပ်ငန်းရှင်ကြီးများအနေဖြင့် မိမိတို့၏ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများအတွက် အရည်အသွေးမြင့် ခေတ်မီစက်ပစ္စည်းများကို လိုအပ်ပါက Super Seven Stars Industrial Development Co., Ltd မှ ရောင်းချပေးလျက်ရှိသော စက်ပစ္စည်းများသည် နိုင်ငံတကာအသိအမှတ်ပြု ခေတ်မီစက်ပစ္စည်းများဖြစ်ပြီး ထုတ်လုပ်သူများမှ တိုက်ရိုက်ရောင်းချပေးခြင်းဖြစ်သောကြောင့် အရည်အသွေးတွင် ရာနှုန်းပြည့် ယုံကြည်စိတ်ချနိုင်ပါသည်။
လုပ်ငန်းအတွက် လိုအပ်သော ကူညီထောက်ပံ့မှုများနှင့် နည်းပညာမြင့် စက်ယန္တရားများဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးမည် ဖြစ်ပါသောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။.
Leave a comment