နိုင်ငံတကာ စျေးကွက်မှာ နေရာတစ်ခုသို့ ရောက်ရှိလာတဲ့ ဟင်းသီးဟင်းရွက် ကုန်ကြမ်းမှ ထုတ်လုပ်ထားသော တန်ဖိုးမြှင့်ထုတ်ကုန်များ

မြန်မာ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်း၏ တိုးတက်မှု အတွက် ရင်းမြစ်များ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးဦးစားပေး နိုင်ငံ တစ်နိုင်ငံဖြစ်သည့်အလျောက် အိမ်ရှင်မတိုင်းအတွက် မပါမဖြစ် မီးဖိုချောင်သုံးဟင်းချက်ပစ္စည်းများဖြစ်ကြသော ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ အာလူး ၊ ခရမ်းချဉ်သီး နှင့် ဟင်းသီးဟင်းရွက်မျိုးစုံ တို့ကို စျေးတိုင်းတွင် ပေါများစွာ တွေ့မြင်နိုင်ပါသည်။ သဘာဝအနေအထားအရ ဟင်းသီးဟင်းရွက်များသည် အချိန်ကြာမြင့်စွာ ထားသို ထိန်းသိမ်းထားနိုင်ရန် မလွယ်ကူပေ။ ပေါများပြီး အရည်အသွေးကောင်းမွန်သော ဟင်းသီးဟင်းရွက်များကို တာရှည်ခံ ထားသို စားသုံးနိုင်ရန် နှင့် နိုင်ငံတကာစျေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ပြီး စျေးကွက်ချဲ့ထွင်နိုင်သော အခွင့်အရေးများရှိနေပါသည်။

ယခုခေတ်ကာလတွင် ဟင်းသီးဟင်းရွက်ကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်မှု တိုးတက်လာမှုနှုန်းကို သိသိသာသာမြင်တွေ့လာရပြီး Shelf-life ဟုခေါ်ဆိုသော ကြာရှည် သုံးစွဲနိုင်ခြင်း (သို့) ရောင်းချနိုင်ခြင်း ၊ အရည်အသွေး ကျဆင်းမသွားအောင် ထိန်းသိမ်းခြင်း အစရှိသော နည်းစနစ်များနှင့် အတူ ပြည်တွင်းစျေးကွက်သာမက နိုင်ငံတကာစျေးကွက်ကို ထိုးဖောက်နေရာယူနိုင်ရန် ကြိုးစားလာကြသည်ကို တွေ့မြင်လာရပြီဖြစ်ပါသည်။

ဟင်းသီးဟင်းရွက် အခြေခံ တန်ဖိုးမြှင့်ထုတ်ကုန် ပိုင်းဆိုင်ရာ နည်းစနစ်များနှင့် နည်းပညာများ

ဟင်းသီးဟင်းရွက် မှ တန်ဖိုးမြှင့် ထုတ်ကုန်များကို စီမံထုတ်လုပ်ရာတွင် အပင်များမှ နုတ်ယူလာသော ဟင်းသီးဟင်းရွက် အစိမ်းများကို ဆေးကြောခြင်း ၊ ဖြတ်တောက်ခြင်း ၊ အရောင်ချွတ်ခြင်း ၊ အအေးခံခြင်း (သို့) အခြောက်ခံခြင်း နှင့် စျေးကွက်ဝင်နိုင်ရန် သင့်လျော်သော ထုပ်ပိုးမှုပုံစံတို့ကို အသုံးပြုခြင်း တို့ကို အဓိကထား ဆောင်ရွက်ရပါသည်။ စျေးကွက်အတွင်း ကြာရှည်အထားခံ၍ ရောင်းချနိုင်ရန် ခေတ်မှီနည်းပညာများဖြစ်သော လေလုံအိတ်ဖြင့် ပိတ်ခြင်း ၊ အနုတ် ဒီဂရီရှိသည့် အအေးခန်းများတွင် ထားသိုခြင်း နှင့် သာမာန်ထက်ထူးကဲသော လေထုဖိအားသုံးလုပ်ငန်းစဉ်များဖြင့် စီမံဆောင်ရွက်ခြင်းတို့ကိုလည်း နိုင်ငံတကာ စက်ရုံများတွင် အသုံးပြုလာကြပါသည်။

ဟင်းသီးဟင်းရွက် အခြေခံ တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်ရေးကဏ္ဍမှ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ

မြန်မာနိုင်ငံတွင် ကုန်ကြမ်းအဆင့် ဟင်းသီးဟင်းရွက်ထွက်ရှိမှု ပမာဏ များပြားသည်မှာ မှန်သော်လည်း ကုန်ကြမ်း အဆင့်တွင်သာရှိနေပြီး ခေတ်မှီနည်းစနစ် များ ၊ စက်ယန္တရားများ အသုံးပြုနိုင်ရန် အလှမ်းဝေးကွာနေမှု ၊ စျေးနှုန်းမတည်ငြိမ်မှုများရှိသောကြောင့် နိုင်ငံတကာ စျေးကွက်သို့ ထိုးဖောက်ယှဉ်ပြိုင်ရန် စိန်ခေါ်မှုများစွာ ရင်ဆိုင်တွေ့ကြုံနေရပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် တိုးတက်မှုအတွက် အလားအလာကောင်းများ

မည်သို့ပင် စိန်ခေါ်မှုများစွာ ရှိနေသည်ဆိုကာမူ ပြည်တွင်းသာမက အိမ်နီးချင်းတိုင်းပြည်များ၏ စားသုံးမှုနှုန်းမှာ အချိန်နှင့် တပြေးညီ တိုးတက်လျက်ရှိနေသည့် အားလျော်စွာ ခေတ်မှီနည်းပညာ များနှင့် စက်ယန္တရားများအပေါ် မှန်ကန်သော ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည်ဆိုပါက အလားအလာကောင်းသော စီးပွားရေးစျေးကွက်ကို ဖန်တီးတည်ဆောက်နိုင်မည်မှာ အမှန်ပင်ဖြစ်ပါသည်။

အနာဂတ်တွင် ဟင်းသီးဟင်းရွက် တန်ဖိုးမြှင့်ထုတ်ကုန်များ၏ အရေးပါသော ကဏ္ဍကို မြင်တွေ့ရ၍ စီမံလုပ်ကိုင်ရန် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များ အတွက် လိုအပ်သောအကူညီထောက်ပံ့မှုများနှင့်နည်းပညာမြင့် စက်ယန္တရားများ ဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Comments (3)

  1. Kyawthetoo ဧပြီ 5, 2024

    Please share soft copy

  2. Daw Anawar Soe ဧပြီ 7, 2024

    ဟင်းရွက်တွေနဲ့ပြုလုပ်တဲ့အသင့်စားမြန်မာဟင်းလျာများ
    ဆန်ပြုတ်နှင့်အသင့်စားဆန်ခေါက်ဆွဲများထုတ်လုပ်ဖို့ပြင်ဆင်နေပါတယ်ရှင့်။
    လောလောဆယ်တော့အသင့်‌ေသာက်နှပ်ကော်ဖီ/ဝိုင် တို့ထုတ်လုပ်နေပါတယ်။
    လုပ်ငန်းသုံးစက်လိုအပ်ချက်ရှိပါတယ်ရှင့်။

  3. Htein Lynn ဧပြီ 9, 2024

    I want to read the book.

Leave a comment