တန်ဖိုးမြှင့်ထုတ်ကုန်ကဏ္ဍတွင် ပါဝင်နေသော အသင့်စားခေါက်ဆွဲခြောက်များ၏ အရေးပါမှုအကြောင်းတစေ့တစောင်း

1958 ခုနှစ်ကစတင်ကာ လူတို့၏ဆာလောင်မွတ်သိပ်မှုကို အလွယ်ကူဆုံးနှင့် အလျင်အမြန် ဖြည့်ဆည်းပေးနိုင်ရန် အစားသောက်တစ်မျိုးကို ဂျပန်နိုင်ငံတွင် စတင်ဖန်တီးခဲ့ကြပါသည်၊၊ စျေးနှုန်းသက်သာရုံသာမက ပြင်ဆင်ချက်ပြုတ်ရလွယ်ကူစေရန် ရည်ရွယ်ချက်နှင့်အတူ အရသာရှိပြီး ကြာရှည်အထားခံရန် ရည်ရွယ်ချက်များစွာဖြင့် ဖန်တီးပေးခဲ့သည်မှာ အသင့်စားခေါက်ဆွဲခြောက် ဖြစ်ပါသည်။

ယနေ့မျက်မှောက်ခေတ်ကာလတိုင်အောင် တွေ့ရှိရသော စစ်တမ်းများအရ ကမ္ဘာပေါ်တွင် စားသုံးသူဦးရေ သန်းပေါင်း ၂၉၀ ကျော်မှ အသင့်စားခေါက်ဆွဲခြောက်များအား နေ့စဥ် စားသုံးလျက်ရှိပါသည်၊၊အသင့်စား ခေါက်ဆွဲခြောက်များအား အာရှနိုင်ငံများတွင်သာမက ဥရောပနိုင်ငံများအထိပါ စားသုံးနေကြပါသည်။ အထူးသဖြင့် ကိုရီးယား၊ဂျပန်၊တရုတ် ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များ တွင် ပါဝင်သော အသင့်စားခေါက်ဆွဲခြောက် စားသုံးသော ဇာတ်ဝင်ခန်းများကြောင့်လည်းစားသုံးသူပိုမိုများပြားလာစေသော အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။

အသင့်စားခေါက်ဆွဲခြောက်ထုပ်များကို Super Market ကြီးများတွင်သာမက ရပ်ကွက်မုန့်ဆိုင်များတွင်လည်း အလွယ်တကူဝယ်ယူရရှိနိုင်သလို အနံ့ အရသာကောင်းမွန်သည့်အပြင် စျေးနှုန်းသက်သာပြီး လွယ်ကူစွာ ပြုလုပ်စားသုံးနိုင်ခြင်းတို့ကြောင့် တစ်ကိုယ်ရေတကာယသမားများ ကျောင်းသူကျောင်းသားများ၊ တစ်နေကုန်အလုပ်လုပ်ပြီး အစားအစာချက်ပြုတ်ရန် အချိန်မရှိသူများနှင့် ညဘက်ဗိုက်ဆာတတ်သူများ အတွက် မရှိမဖြစ် အားထားစရာ အစားအစာဖြစ်လာပါသည်။

ယခင်က အသင့်စား ခေါက်ဆွဲ‌ခြောက်များကိုအထုပ်များဖြင့်သာ‌ရောင်းချကြသည့်အတွက် အလွယ်တကူချက်ပြုတ်စားသောက်ရန် အခက်အခဲရှိသော်လည်း ယခုအခါ ရေနွေးရှိရုံဖြင့် အလွယ်တကူ နေရာမရွေးစားသုံးနိုင်သည့် ဘူးများဖြင့်ထုတ်လုပ်လာသည်၊၊ ထို့ကြောင့် အသင့်စားခေါက်ဆွဲခြောက်များကို စားသုံးသူများပြားလာသည်နှင့်အမျှ ခေါက်ဆွဲခြောက် ထုတ်လုပ်သည့် စက်ရုံ အလုပ်ရုံ များလည်း ကျယ်ပြန့်လာကာ အရသာအမျိုးမျိုး ၊ ထုပ်ပိုးမှု ပုံစံအမျိုးမျိုး တို့ဖြင့် စျေးကွက်ထဲတွင် ဖြန့်ချိရောင်းချလျက်ရှိကြသဖြင့် လက်ရှိကမ္ဘာစျေးကွက်တွင် ရောင်းအားအကောင်းဆုံးအစားစာတစ်ခုအဖြစ်လည်းရပ်တည်လျှက်ရှိပါသည်။

ခေါက်ဆွဲခြောက်ထုတ်ကုန်များ၏ ဝယ်လိုအားနှင့် စျေးကွက်အလားအလာ

ကျွန်ုပ်တို့ မြန်မာ့ရိုးရာအစားအစာများဖြစ်သည့် မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ၊ ရှမ်းခေါက်ဆွဲ၊ တိုဖူးနွေး စသည်တို့ကိုလည်း နေရာမရွေးစားသောက်နိုင်ရန် ဘူးများဖြင့်ထုပ်လုပ်ဖြန့်ချိနိုင်လျှင် ပြည်တွင်းစျေးကွက်တွင်သာမက နိုင်ငံတကာစျေးကွက်အထိပါ ရောင်းချလာနိုင်မည်မှာ အသေချာပင်ဖြစ်သည်၊၊ ပြည်ပရောက်မြန်မာနိုင်ငံသားတို့အတွက်လည်း အလွမ်းပြေ မြန်မာ့အစားအစာများကို အလွယ်တကူသုံးဆောင်နိုင်မည်ဖြစ်သည်၊၊ ဤကဲ့သို့ ထုတ်လုပ်ဖြန့်ချိနိုင်ခြင်းသည် မြန်မာအစားစာများကို နိုင်ငံတကာစျေးကွက်အထိ တိုးဖောက်ရောင်းချနိုင်ရန်အလားလာကောင်းများရှိသည့်အပြင် နိုင်ငံ့စီးပွားရေး တိုးတတ်ကောင်းမွန်စေသည့်အချက်ပင်ဖြစ်သည်၊၊

ခေါက်ဆွဲခြောက် ထုတ်ကုန်လုပ်ငန်းများ အတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ

ထုတ်လုပ်မှု ကဏ္ဍတိုင်းတွင် စိန်ခေါ်မှုများ ရှိစမြဲဖြစ်ရာ ခေါက်ဆွဲခြောက်ထုတ်လုပ်မှု လုပ်ငန်းလုပ်ကိုင်ရာတွင်လည်း အရည်အသွေး ကောင်းမွန်အောင် ထိန်းသိမ်းခြင်း ၊ သယ်ယူပို့ဆောင်မှု နည်းစနစ် နှင့် စီမံခန့်ခွဲနိုင်ခြင်း နှင့် စားသောက်ကုန် များအတွက် ကျန်းမာရေး စံချိန်စံညွှန်းနှင့်ကိုက်ညီအောင် စီမံရခြင်း စသော စိန်ခေါ်မှုများကို ကြုံတွေ့ရမည်ဖြစ်ပါသည်။ သို့‌သော် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရန် အခွင့်အလမ်းများစွာ ရှိနေသေးပြီး အသင့်စားခေါက်ဆွဲခြောက် ထုတ်ကုန်များကို လူ‌ကြီးလူငယ် ဘာသာမရွေး ကြိုက်နှစ်သက်စွာ စားသုံးလျက်ရှိသောကြောင့် ပြည်တွင်းနှင့် ပြည်ပ စျေးကွက်အတွင်း ဝယ်လိုအားသည် မြင့်တက်လျက်ရှိပါသည်။

န်ုပ်တို့ Super Seven Star Industrial Development Co., Ltd အနေဖြင့်လည်း ခေါက်ဆွဲခြောက်၊ကြာဇံခြောက်၊မုန့်ဖက်ခြောက် များအပြင် အခြားသော အသင့်စားခေါက်ဆွဲများကိုလည်း ထုပ်ပိုးမှုပုံစံအမျိုးအမျိုး၊အရသာအမျိုးမျိုး တို့ဖြင့် ပြည်တွင်း၊ပြည်ပထိ တိုးဖောက်ရောင်းချရန် စိတ်ပါဝင်စားသောလုပ်ငန်းရှင်များ အတွက် လိုအပ်သောအကူညီထောက်ပံ့မှုများနှင့်နည်းပညာမြင့် စက်ယန္တရားများ ဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများပေးနေပါသည်။

အသေးစိတ် သိရှိလိုပါက Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။ .

Leave a comment