ပြည်တွင်းပြည်ပ စျေးကွက်ချဲ့ထွင်နိုင်ရန် သစ်သီးခြောက် ထုတ်ကုန်လုပ်ငန်းများ ၏ အလားအလာကောင်းများ

မြန်မာနိုင်ငံရှိ သစ်သီးခြောက် လုပ်ငန်းများအကြောင်း နိဒါန်း

လွယ်ကူစွာ အသင့်စားသုံးနိုင်မှု ၊ ကြာရှည်အထားခံမှု နှင့် အာဟာရဓာတ် ဆုံးရှုံးမှု မရှိအောင် ထုတ်လုပ်ထားမှု တို့ကြောင့် သစ်သီးခြောက် ထုတ်ကုန်များကို ပြည်တွင်းတွင်သာမကပ ပြည်ပ စျေးကွက်အထိပါ တွင်ကျယ်စွာ စားသုံးလာကြသည်။

သစ်သီးခြောက်ထုတ်ကုန်များ၏ ဝယ်လိုအားနှင့် စျေးကွက်အလားအလာ

သစ်သီးခြောက်ထုတ်လုပ်မှု လုပ်ငန်းသည် မြန်မာနိုင်ငံ၏ ပေါများပြီး အရည်အသွေးကောင်းသော သစ်သီးဝလံ စိုက်ပျိုးဖြစ်ထွန်းမှုနှုန်းနဲ့ လည်းကိုက်ညီမှုရှိသောကြောင့် ပြည်တွင်း နှင့် ပြည်ပစျေးကွက်ကို အကောင်းဆုံး ချဲ့ထွင်ထိုးဖောက်နိုင်ရန် အလားအလာကောင်းများစွာ ရှိနေပါသည်။

သစ်သီးခြောက် ထုတ်ကုန်လုပ်ငန်းများ အတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ

ထုတ်လုပ်မှု ကဏ္ဍတိုင်းတွင် စိန်းခေါ်မှုများ ရှိစမြဲဖြစ်ရာ သစ်သီးခြောက်ထုတ်လုပ်မှု လုပ်ငန်းလုပ်ကိုင်ရာတွင်လည်း အရည်အသွေး ကောင်းမွန်အောင် ထိန်းသိမ်းခြင်း ၊ သယ်ယူပို့ဆောင်မှု နည်းစနစ် နှင့် စီမံခန့်ခွဲနိုင်ခြင်း နှင့် စားသောက်ကုန် များအတွက် ကျန်းမာရေး စံချိန်စံညွှန်းနှင့်ကိုက်ညီအောင် စီမံရခြင်း စသော စိန်ခေါ်မှုများကို ကြုံတွေ့ရမည်ဖြစ်ပါသည်။ သို့‌သော် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရန် အခွင့်အလမ်းများစွာ ရှိနေသေးပြီး သစ်သီးခြောက်ဆက်စပ် ထုတ်ကုန်များကိုလည်း လူ‌ကြီးလူငယ် ဘာသာမရွေး ကြိုက်နှစ်သက်စွာ စားသုံးလျက်ရှိသောကြောင့် ပြည်တွင်းနှင့် ပြည်ပ စျေးကွက်အတွင်း ဝယ်လိုအားသည် မြင့်တက်လျက်ရှိပါသည်။

သစ်သီးခြောက် ထုတ်ကုန် လုပ်ငန်းကို မြှင့်တင်ရာတွင် Food Innovation Center (FIC) ၏ အခန်းကဏ္ဍ

စားသောက်ကုန် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ၊ လယ်သမားများ နှင့် စားသောက်ကုန် သုတေသနပညာရှင်များကို လိုအပ်‌သော ကူညီထောက်ပံ့မှုများ ပေးစွမ်းနိုင်ရန် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံရှိ FIC (Food Innovation Center) Hub ကို တရုတ်နိုင်ငံ ကျွမ်းကျင်ပညာရှင်များနဲ့ မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာ ဌာနတို့ ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့ပါသည်။ FIC ၏ အဓိက ရည်ရွယ်ချက်မှာ စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် စားသောက်ကုန် အသစ်များကို စနစ်တကျ သုတေသနများ ပြုလုပ်ပြီး ထုတ်လုပ်နိုင်သည်အထိ လိုအပ်သော အထောက်အပံ့များ ပေးနိုင်ရန်အတွက်ဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်းရှိ သီးနှံ စိုက်ပျိုးသူ တောင်သူများနှင့် အသေးစားအလတ်စား လုပ်ငန်းရှင်များအတွက် စျေးကွက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန် အခွင့်အလမ်းများကို မြန်မာနိုင်ငံ အစိုးရမှ နည်းပညာရှင်များ၏ အကူအညီဖြင့် အစဉ်မပြတ် ရေးဆွဲပေးလျက်ရှိပါသည်။

ဤ ကဲ့သို့ များပြားကောင်းမွန်သော အခွင့်အလမ်းများနှင့်ပြည့်နှက်နေသာ သစ်သီးခြောက် ထုတ်ကုန်လုပ်ငန်းများကို စီမံလုပ်ကိုင်ရန် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များ အတွက် လိုအပ်သောအကူညီထောက်ပံ့မှုများနှင့်နည်းပညာမြင့် စက်ယန္တရားများ ဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Leave a comment