တန်ဖိုးမြှင့်ထုတ်ကုန်ကဏ္ဍတွင် ပါဝင်နေသော အသင့်သောက် လက်ဖက်ခြောက်ထုပ် ထုတ်လုပ်မှုအကြောင်း

တရုတ်ပြည်မှစတင် ဆင်းသက်လာ‌သော လက်ဖက်ရည်သောက်သုံးခြင်း ယဥ်ကျေးမှုသည် ယနေ့ထက်တိုင် ကမ္ဘာ့နိုင်ငံအနှံ့ပြားတွင်ထွန်ကားလျက်ရှိသည်၊၊ နှစ်ကာလကြာလာသည်နှင့်အမျှ နေထိုင်ရာ နိုင်ငံ၏ယဥ်ကျေးမှုအလိုက် လက်ဖက်ရည်သောက်သုံးမှုပုံစံများသည်လည်း ပြောင်းလဲလာကြသည်၊၊သောက်သုံးမှု ပုံစံခြင်း မတူညီကြသော်လည်း လူသားတိုင်း၏ နေ့စဥ်သောက်သုံးစရာတမျိုးအဖြစ်တွေ့မြင်ရပါသည်။

အသင့်သောက်လက်ဖက်ရည်၏ ဆင့်ကဲဖြစ်စဉ်

၁၉၀၈ ခုနှစ် နယူးယောက်ရှိ လက်ဖက်ခြောက်ကုန်သည်တစ်ဦး၏အမှတ်မထင် တွေ့ရှိခဲ့သော အသင့်သောက် လက်ဖက်ခြောက်ထုပ်များသည် ယခုအချိန်ထိတိုင် တွင်ကျယ်လျက်ရှိသည်။ အသင့်သောက် လက်ဖက်ခြောက်ထုပ်များသည် နေရာမရွေး အချိန်မ‌ရွေး အလွယ်တကူ သယ်ဆောင် သွားနိုင်သဖြင့် လူကြိုက်အများဆုံးဖြစ်သည်။ တဖြေးဖြေး တိုးတတ်လာသည်နှင့်အမျှ အသင့်သောက်လက်ဖက်ခြောက်အထုပ်လေးများကို စက္ကူ၊ ဝါဂွမ်း၊ ပိုးချည် တို့ဖြင့်ပြုလုပ်ထားသောအိတ်များဖြင့် ထုပ်ပိုးဖြန့်ချိလာကြသည်၊၊

အသင့်သောက် လက်ဖက်‌ခြောက်များကို ပြုလုပ်ခြင်း

အသင့်သောက် လက်ဖက်‌ခြောက်များကို ပြုလုပ်ရာတွင်

  1. Withering (ညှိုးနွမ်းခြင်း)
  2. Rolling (လိပ်ခြင်း)
  3. Fermentation or Oxidation (အချဉ်ဖောက်ခြင်း သို့မဟုတ် ဓာတ်တိုးခြင်း)
  4. Drying (အခြောက်ခံခြင်း)
  5. Cutting and Sifting (ဖြတ်တောက်ခြင်းနှင့် စစ်ထုတ်ခြင်း)
  6. Packaging (ထုပ်ပိုးခြင်း)

အဆင့်မြင့် လက်ဖက်ခြောက်ထုတ် ထုတ်လုပ်မှု စက်ယန္တရား

ကျွန်ုပ်တို့ Super Seven Stars Industrial Development Company Limited သည်လည်း အသင့်သောက် လက်ဖက်ခြောက်ထုပ်များသာမက လက်ဖက်နှင့်သက်ဆိုင်သော စားသောက်ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ပိုမိုလွယ်ကူစွာဖြင့် လူကြီးမင်းတို့ စိတ်ကြိုက်ထုတ်လုပ်နိုင်သည့် ကမ္ဘာ့အဆင့်မီ ထိပ်တန်းစက်ယန္တရားများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ တင်သွင်းရောင်းချပေးနေပါသည်၊၊

လက်ဖက်ခြောက်ထုပ်များ ထုတ်လုပ်ရေးလုပ်ငန်းစဉ်

လက်ဖက်ရွက်မှတဆင့် အလွယ်တကူအသင့်သောက်သုံးနိုင်သော လက်ဖက်ခြောက်ထုပ်များကို ထုတ်လုပ်ရာတွင် အသုံးပြုသောစက်များသည်

  1. Feeding and Dosing (လက်ဖက်‌ခြောက်ပြုလုပ်ခြင်းနှင့်အိတ်သွတ်သွင်းခြင်း)
    • Raw Material Feedingလက်ဖက်ရွက်မှလက်ဖက်ခြောက်ပြုလုပ်ခြင်း လုပ်ငန်းစဉ်သည် လက်ဖက်ရွက်အမြောက်အများကို စက်၏ ကတော့ဇလား ပုံသဏ္ဌာန်ရှိသော hopper ထဲသို့ လက်ဖက်ခြောက်ရရှိနိုင်ရန် ထည့်သွင်းလုပ်ဆောင်နိုင်ပါသည်၊၊
    • Dosing Systemလက်ဖက်အိတ်များထဲသို့ထည့်သွင်းခြင်းစနစ်သည် မှန်ကန်သောပမာဏရှိသည့် လက်ဖက်ရွက်ခြောက်များကို လက်ဖက်ခြောက်အိတ်ထဲသို့ ထည့်သွင်းပေးခြင်းဖြစ်သည်၊၊ volumetric သို့မဟုတ် gravimetric နည်းစနစ်ကို အသုံးပြု၍ လုပ်ဆောင်နိုင်ပါသည်။
  2. Bag Forming (အိတ်ထည့်သွင်းခြင်း)
    • လက်ဖက်အိတ်စက္ကူလိပ်ပြုလုပ်ခြင်းဖယောင်းစက္ကူလိပ် (သို့မဟုတ်) အခြားသင့်လျော်သောအရာဝတ္တု တမျိုးမျိုးကို စက်ထဲသို့ ထည့်သွင်းပေးပါသည်။
    • Forming the Bagလက်ဖက်ရည်အိတ်ငယ်လေးများအဖြစ် စက်မှ ထုတ်လုပ်ပေးပါသည်၊၊လိုအပ်သော အတိုင်းအတာ ရရှိနိုင်ရန် စက္ကူကို ပိုင်းဖြတ်ပေးပြီး အိတ်ပုံစံရရှိရန်ကော်ပိတ်ပေးပါသည်၊၊ ၎င်းတွင် စာရွက်ကို လိုချင်သော အရှည်အထိ ဖြတ်တောက်ပြီး ဘေးနှစ်ဖက်ကို တံဆိပ်ခတ်ခြင်း ပါဝင်သည်။
  3. Filling (လက်ဖက်ခြောက်ထည့်သွင်းခြင်း)
    • Tea Fillingလက်ဖက်ခြောက်အိတ်ငယ်များထဲသို့ လက်ဖက်ခြောက်များကို အတိုင်းအတာတိကျသောပမာဏကို ထည့်ပေးပါသည်။ ထပ်တူကျသော ပမာဏ ရရှိနိုင်ရန် ဤအဆင့်သည်အရေးကြီးပါသည်။
  4. Sealing (အိတ်ပိတ်ခြင်း)
    • အပူပေး၍အိတ်ပိတ်ခြင်း -လက်ဖက်ခြောက်အိတ်၏ထိပ်ဖက်ကို အပူ‌ပေးပြီး ပိတ်ရပါသည်။ အချို့စက်ကြီးများတွင် ultrasonic ကိုအသုံးပြု၍ အိတ်ပိတ်ခြင်းကို လုပ်ဆောင်ပါသည်။
    • အပ်ချည်ကြိုးနှင့် စက္ကူကတ်ပြားဖြင့်ပိတ်ခြင်း -လက်ဖက်‌ခြောက်အိတ်များတွင် အိတ်ချည်ကြိုးနှင့်အတူ စက္ကူကတ်ပြား တွဲလျက်ရှိပါသည်၊၊အပ်ချည်ကြိုးနှင့်လက်ဖက်ခြောက်အိတ်ကိုတွဲပေးရန်အတွက် knotting စက်ကိုအသုံးပြုရပါသည်။
  5. Cutting (ဖြတ်ထုတ်ခြင်း)
    • Cutting the Bagsလက်ဖက်ခြောက်အိတ်ငယ်လေးများကို တစ်ထုပ်ချင်းစီ ရရှိနိုင်ရန် ဖြတ်ထုတ်ပေးရပါသည်၊၊
  6. Packaging (ထုပ်ပိုးခြင်း)
    • မူလကနဦးထုပ်ပိုးမှု-လက်ဖက်ခြောက်အိတ်ငယ်များကို လတ်ဆတ်မှုရရှိစေရန်အတွက် အထူးကာအကွယ်မှုပေးနိုင်သော လေလုံသတ္တုအိတ်များတွင်လုံခြုံစွာထည့်သွင်းထားရပါမည်။
    • ထပ်မံဒုတိယအကြိမ်ထုတ်ပိုးမှု-လေလုံ သတ္တုအိတ်များတွင် ထုတ်ပိုးထားသော လက်ဖက်ခြောက်အိတ်များကို ဒီဇိုင်းပြုလုပ်ထားသော သေတ္တာများ သို့မဟုတ် ပုံးများတွင် ထည့်သွင်းထားရှိပါသည်။
  7. Coding and Printing (တံဆိပ်နှိပ်ခြင်း)
    • စက်တွင် ထုတ်လုပ်သည့်ရက်စွဲ၊ ထုတ်လုပ်သည့် နံပါတ်အစဥ်၊သက်တမ်းကုန်ဆုံးမည့်အချိန် နှင့် ရက်စွဲများကို လက်ဖက်ခြောက်အိတ် တထုပ်ချင်းစီတွင် ရိုက်နှိပ်ပေးရပါသည်၊၊
  8. Quality Control (အရည်အသွေးထိန်းချုပ်ခြင်း)
    • အလေးချိန်ပမာဏစစ်ဆေးခြင်း-လက်ဖက်ရည်အိတ်တစ်ခုစီတိုင်းကို အလေးချိန်ပမာဏ မှန်ကန်မှုရှိစေရန် စစ်ဆေးရပါသည်။
    • ပြင်ပ ပုံပန်းသဏ္ဌာန်စစ်ဆေးခြင်း- လက်ဖက်ခြောက်အိတ်များကို တိကျသေချာသော ပါဝင်မှုနှင့် မှန်ကန်သောထုတ်ပိုးမှု ရှိမရှိစစ်ဆေးပေးခြင်းဖြစ်ပါသည်။
  9. Output and Collection (စုဆောင်းထားသိုခြင်း)
    • Collectionမှန်ကန်သောထုတ်ပိုးမှုမှရရှိလာသော လက်ဖက်ခြောက်အိတ်များကိုထပ်မံထုတ်ပိုးရန်သော၎င်း၊ သိုလှောင်ရန်သော်၎င်း၊ ဖြန့်ဖြူးရောင်းချပေးရန်သော်၎င်း စုဆောင်းထားသိုပေးပါသည်၊၊
  10. Maintenance and Cleaning:
  • Regular Maintenanceညစ်ညမ်းမှုကိုကာကွယ်ရန်နှင့် ချောမွေ့သောလည်ပတ်မှုကိုသေချာစေရန် စက်ကိုသန့်ရှင်းပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်းသေချာစေခြင်း တို့ကိုလုပ်ဆောင်နိုင်သည့်အပြင် အလိုအလျောက်စနစ်ဖြင့် ထိန်းချုပ်နိုင်ပြီး မတူညီသောလက်ဖက်ခြောက်အိတ်ပုံသဏ္ဍာန်များ (ပိရမစ်၊ စတုဂံ) နှင့် အရွယ်အစားများအပြင် ထုပ်ပိုးမှုပုံစံများအတွက် ရွေးချယ်စရာများကို လိုအပ်ချက်များအပေါ်အခြေခံ၍ စိတ်ကြိုက်ပြင်ဆင်နိုင်ပါသည်။

လူကြီးမင်းတို့၏ လက်ဖက်နှင့်ပတ်သက်သော ထုတ်ကုန်လုပ်ငန်းများကို ကိုယ်တိုင် စတင် စီမံလုပ်ကိုင်ရန် (သို့) လည်ပတ်လျက်ရှိသော လုပ်ငန်းကို အဆင့်မြှင့်တင်ရန် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များ အတွက် လိုအပ်သောအကူညီထောက်ပံ့မှုများနှင့်နည်းပညာမြင့် စက်ယန္တရားများ ဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။.

Leave a comment