လူသားတို့၏ စားဝတ်နေရေးတွင် အခြေခံအကျဆုံးသော ဆီများအကြောင်း

မြန်မာနိုင်ငံတွင် အဓိက စားသုံးသော ထမင်းကို ဆန်၊ စပါးမှ ရရှိသောကြောင့် ဆန်၊ စပါးသည် မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း၏ အရေးအပါဆုံးသော စိုက်ပျိုးသီးနှံဖြစ်ပြီး ထမင်းနှင့် တွဲဖက်စားသုံးရန်အတွက် ဟင်းလျာများ ချက်ပြုတ်ရာတွင် ဆီသည် မပါမဖြစ် အသုံးပြုရသည့် အရာဖြစ်သောကြောင့် ဒုတိယ အရေးအပါဆုံးမှာ ဆီထွက်သီးနှံများဖြစ်ပါသည်။ 

မြန်မာနိုင်ငံတွင် နှစ်စဉ် လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ နိုင်ငံတစ်ဝှမ်းလုံးရှိ အိမ်ထောင်စုများစွာ၏ နေ့စဉ် စားသုံးမှုတွင် အသုံးပြုနေကြရသော ဆီကို ဖူလုံစွာ ထုတ်လုပ်နိုင်ရေးနှင့် အာဟာရပြည့်ဝသည့် ဆီသန့်များ ထုတ်လုပ်နိုင်ရေးသည် မျက်မှောက်ခေတ်၏ စိန်ခေါ်မှု တစ်ရပ်အဖြစ် ရောက်ရှိလာခဲ့ပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် ပြည်တွင်း၌ စားသုံးရန် ဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများကို အများအပြား စိုက်ပျိုးလာခဲ့ရာမှ ယခုအခါတွင် ဆီထွက်သီးနှံ အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ အဓိကအားဖြင့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်းတို့ကို စိုက်ပျိုးကြပြီး ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပုတ် စသည့် သီးနှံများကိုလည်း စိုက်ပျိုးကြပါသည်။ 

မြန်မာနိုင်ငံ၏ ရေမြေ ရာသီဥတု အခြေအနေအရ မြေပဲ၊ နှမ်း၊ နေကြာတို့ကို မြေပြန့်ဒေသတွင် အများဆုံး စိုက်ပျိုးကြပါသည်။ တောင်ကုန်း၊ တောင်တန်းဒေသဖြစ်သော ရှမ်းပြည်နယ်တွင် မြေပဲ၊ နှမ်း၊ နေကြာအပြင် ပဲပုတ်၊ ပန်းနှမ်း စသည်တို့ကိုလည်း တွင်ကျယ်စွာ စိုက်ပျိုး၍ ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီးတွင် စိုက်ပျိုးထုတ်လုပ်လျက် ရှိပါသည်။ ထို့နောက် ရရှိလာသော သီးနှံများကို သန့်စင်ကြိတ်ခွဲ၍ လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် ဆီထုတ်လုပ်ကာ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက် ရှိပါသည်။

စပါးကြိတ်ခွဲခြင်းမှ ထွက်ရှိလာသော ဖွဲနုများကို အသုံးပြု၍ ကျန်းမာရေးနှင့် ညီညွတ်သော ဖွဲနုဆီများကိုလည်း ထုတ်လုပ်ရောင်းချကြပါသည်။ ထို့ကြောင့် မြန်မာ့ ဆီဈေးကွက်တွင် အာဟာရ ပြည့်ဝစွာပါရှိပြီး ကျန်းမာရေးနှင့် ညီညွတ်သော မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပုတ်ဆီ၊ ဖွဲနုဆီ စသည့် ဟင်းသီးဟင်းရွက်ဆီအမျိုးမျိုးကို တွေ့ရှိရပါသည်။

ထို့ကြောင့် မြေပဲဆီ ထုတ်လုပ်မှုသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စီးပွားရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ မြေပဲဆီ ထုတ်လုပ်ပုံ လုပ်ငန်းစဉ် အဆင့်ဆင့်ကို လေ့လာကြည့်မည်ဆိုပါက မြေပဲဆီ ထုတ်လုပ်မှုသည် အပူပိုင်းဒေသ ရာသီဥတုနှင့် လိုက်ဖက်သော မြေပဲ စိုက်ပျိုးခြင်းမှ အစပြုပါသည်။ မြေပဲ စိုက်ပျိုးသော မြေပြန့်ဒေသများသည် မြေသြဇာကောင်းသော မြေဆီလွှာ ရှိသည့်အပြင် ရာသီဥတုလည်း ကောင်းမွန်သောကြောင့် မြေပဲအထွက်နှုန်းကို မြင့်မားစေပါသည်။

ယခုအခါတွင် စိုက်ပျိုးရေးသမား တောင်သူဦးကြီးများသည် မြေပဲဆီ ထုတ်လုပ်သည့်အခါ ဆီအထွက်နှုန်း ပိုမိုကောင်းမွန်စေရန်အတွက် အဆီပါဝင်မှု မြင့်မား၍ အရည်အသွေးကောင်းသော မြေပဲမျိုးများကို ရွေးချယ်စိုက်ပျိုးခြင်းနှင့် ခေတ်မီ စိုက်ပျိုးနည်းစနစ်များကို အသုံးပြု၍ စိုက်ပျိုးလာကြပြီ ဖြစ်ပါသည်။ မြေပဲ ရိတ်သိမ်းခြင်းနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်တွင် စိုက်ပျိုးထားသော မြေပဲစေ့များ ရင့်မှည့်လာပါက ရိတ်သိမ်း၍ အခြောက်ခံကာ အခွံခွာရပါမည်။ အခြောက်ခံခြင်း အဆင့်သည် အလွန်အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် အခြောက်ခံခြင်းသည် အစိုဓာတ်ပါဝင်မှုကို နည်းပါးစေပြီး မြေပဲများ၏ အရည်အသွေးကို ထိန်းသိမ်းပေးခြင်းနှင့် သိုလှောင်ထားစဉ်အတွင်း ပျက်စီးခြင်းကို လျှော့ချပေးသောကြောင့် ဖြစ်ပါသည်။ ထို့နောက် သေချာစွာ ရွေးချယ်သန့်စင် အခြောက်ခံထားသော မြေပဲဆံများ ရရှိလာပါက ဆီထုတ်လုပ်ရန်အတွက် အဆင့်သင့်ဖြစ်ပြီ ဖြစ်ပါသည်။

မြေပဲမှ ဆီထုတ်လုပ်ရာတွင် လက်လှည့် ကြိတ်ဆုံဖြင့် ဆီကြိတ်ခြင်းနှင့် စက်ဖြင့် ဆီကြိတ်ခြင်းဟူ၍ နည်းလမ်း (၂) မျိုးရှိပါသည်။

  • Cold Pressing (Traditional Method): လက်လှည့် ကြိတ်ဆုံဖြင့် ဆီကြိတ်ခြင်းမှ ရရှိလာသော ဆီကို ဆုံဆီဟူ၍လည်း ခေါ်ဝေါ်ကြပြီး မြေပဲများကို အပူမပါဘဲ ကြိတ်ခွဲခြင်းကြောင့် ဆီတွင် ပါဝင်သော အာဟာရဓာတ်များကို သဘာဝအတိုင်း ပြည့်ပြည့်ဝဝ ထိန်းသိမ်းထားနိုင်ပြီး အနံ့အရသာနှင့် ပြည့်စုံ၍ ကျန်းမာရေးနှင့် ညီညွတ်သော မြေပဲဆီသန့်များကို ရရှိစေပါသည်။
  • Mechanical Pressing (Modern Method): စက်ဖြင့် ဆီကြိတ်ခြင်းသည် အပူနှင့် ဖိအားကို အသုံးပြု၍ ဆီထုတ်ယူခြင်းဖြစ်သည့်အတွက် မြေပဲဆံတွင် ပါဝင်သော အာဟာရဂုဏ်သတ္တိ အချို့ကို ‌လျော့နည်းသွားနိုင်စေပါသည်။ သို့သော်လည်း စက်ဖိအားအရှိန်ဖြင့် မြေပဲဆံများကို ကြိတ်ခွဲခြင်းက ဆီထွက်နှုန်းကို ပိုကောင်းစေပါသည်။ ထို့ကြောင့် အကြီးစား ဆီထုတ်လုပ်မှု လုပ်ငန်းများတွင် ဆီကြိတ်စက်များကိုသာ အသုံးပြုကြပါသည်။

ဆီထုတ်ယူပြီးသောအခါ ဆီကို ကြည်လင်စေရန်အတွက် အမှုန်အမွှား၊ အမှိုက်များကို ဖယ်ရှာပြီး သိုလှောင်မှု သက်တမ်းကို ပိုမိုကောင်းမွန်စေရန်အတွက် ဆီစိမ်းကို စစ်ထုတ်ရပါသည်။ အချို့သော ထုတ်လုပ်သူများသည် ဈေးကွက်အတွင်း ရောင်းချနိုင်မည့် ရောင်းတန်းဝင် မြေပဲဆီများကို ရရှိစေရန်အတွက် စစ်ပြီးသား ဆီများကို ထပ်မံ သန့်စင်ခြင်းများ ပြုလုပ်ရပါသည်။

မြန်မာနိုင်ငံတွင် မြေပဲဆီထုတ်လုပ်သူများအတွက် အရည်အသွေး အာမခံချက်သည် ပထမဦးစားပေးအရာ ဖြစ်သောကြောင့် ဆီသန့်စင်ကောင်းမွန်မှုနှင့် ထုပ်ပိုးမှုကိုလည်း အထူး ဂရုစိုက်ရပါသည်။ ထို့ကြောင့် ဆီအရည်အသွေးကို သေချာစွာ စစ်ဆေးပြီး ပုလင်းများ၊ ဘူးများတွင် ထည့်သွင်းထုပ်ပိုးကာ ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံး ရက်စွဲနှင့် အာဟာရဆိုင်ရာ အသေးစိတ် အချက်အလက်များကဲ့သို့ မရှိမဖြစ် လိုအပ်သော အချက်အလက်များကိုလည်း ရေးသားဖော်ပြထားရမည် ဖြစ်ပါသည်။

မြေပဲဆီလုပ်ငန်းသည် ထောင်ပေါင်းများစွာသော တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်ကြီးများနှင့် အလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ပေးစွမ်းနိုင်ပြီး နိုင်ငံတော်၏ စီးပွားရေးကို များစွာ အထောက်အကူပြုနိုင်ပါသည်။

ယခုအခါ ဆီထုတ်လုပ်မှု လုပ်ငန်းများသည် ဈေးကွက်ပေါက်ဈေး အတက်အကျ၊ တင်သွင်းလာသော ဆီများ၏ ပြိုင်ဆိုင်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ဆီထုတ်လုပ်ရာတွင် ခေတ်မီစက်ယန္တရား ရင်းနှီးမြုပ်နှံမှုများ၊ ပိုမိုကောင်းမွန်သော စိုက်ပျိုးရေး နည်းစနစ်များနှင့် နိုင်ငံတကာ စံချိန်၊ စံနှုန်းများကို လိုက်နာခြင်းဖြင့် ဆီ ထုတ်လုပ်မှု လုပ်ငန်းသည် တိုးတက်မှု အလားအလာကောင်းများစွာ ရှိနေပါသည်။

ထို့ကြောင့် ဆီထုတ်လုပ်ရေးလုပ်ငန်းကို စိတ်ပါဝင်စားသော လုပ်ငန်းရှင်ကြီးများအနေဖြင့် Super Seven Stars Industrial Development Co., Ltd မှ လိုအပ်သော ကူညီထောက်ပံ့မှုများနှင့် နည်းပညာမြင့် စက်ယန္တရားများဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပါသောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။.

Leave a comment