အေးခဲကြက်သားထုတ်များ၏ ခရီးစဉ်
နေ့စဉ်အိမ်ရှင်မတို့ ဝယ်ယူချက်ပြုတ်နေသော အသင့်စားအေးခဲကြက်သားထုပ်များကို အဆင့်မြင့်ကုန်တိုက်ကြီးများ၊ ဈေးဝယ်စင်တာများနှင့် မီနီမားကတ်များတွင် တွေ့ရှိနိုင်ပါသည်။ အသင့်ချက်ပြုတ်စားသုံးနိုင်သော အေးခဲ ကြက်သားထုတ်များကို ထုတ်လုပ်ရောင်းချလိုသူ စိတ်ပါဝင်စားသူများအတွက် ကြက်မွေးမြူရေးခြံမှသည် ကုန်တိုက်ကြီးများရှိ အရောင်းကောင်တာ Freezer ထဲတွင် တွေ့ရှိရသော အေးခဲကြက်သားထုတ်များ၏ခရီးစဉ်ကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါသည်။
ကြက်မွေးမြူရေးခြံတွင် ကြက်ဥမှ ရက်ပေါင်း (၂၁) ရက် ကြာပြီးနောက် အကောင်ပေါက်ပါသည်။ အေးခဲကြက်သား ဖြစ်ပေါ်လာမှု၏ ခရီးစဉ်အစဟူ၍လည်း သတ်မှတ်နိုင်ပါသည်။
ကြက်ပေါက်လေးများကို လိုအပ်သောရေနှင့် အစားအစာများ ကျွေးပြီး ကြီးထွားလာစေပါသည်။
ကြက်မွေးမြူရေးခြံမွေးမြူရေးနေရာသည် သန့်ရှင်းပြီး နွေးထွေးသော ပတ်ဝန်းကျင်ဖြစ်ရန် လိုအပ်ပါသည်။ ကြက်ပေါက်ငယ်လေးများ ရှင်သန်ကြီးထွားနိုင်ရန်အတွက် ကြက်မွေးမြူရေး စီမံခန့်ခွဲမှုများသည် ကျန်းမာဝဖြိုးသော ကြက်များဖြစ်စေရန် အလွန်အရေးပါပါသည်။ အရည်အသွေးကောင်းမွန်သော ကြက်သားရရှိစေရန်အတွက် အရေးကြီးသော အခြေခံအချက်လည်း ဖြစ်ပါသည်။
အရွယ်ရောက်လာသော ကြက်ပေါက်ငယ်လေးများကို အထူးပြုပြင်ဖန်တီးထားသော ကားကြီးများဖြင့် ကြက်ခြံများသို့ ပို့ဆောင်ပေးပါသည်။
လမ်းခရီးတွင် ထိခိုက်ဒဏ်ရာမရရှိစေရန် သစ်သားပုံးများတွင် ထည့်သွင်းပြီး သယ်ဆောင်ပေးပါသည်။
စိတ်ချလုံခြုံရသော ပတ်ဝန်းကျင် ဖြစ်စေရန်အတွက်လည်း ပြင်ပအခြေအနေများမှ ကောင်းမွန်စွာ ကာကွယ်ပေးထားပါသည်။
အထူးဂရုပြုသယ်ဆောင်ပေးခြင်းဖြင့် ကြက်ပေါက်ငယ်လေးများကို မလိုလားအပ်သော ပျက်စီးထိခိုက်မှုမှ ကောင်းစွာ ကာကွယ်ပေးနိုင်ပါသည်။
ယခုကဲ့သို့ လုပ်ဆောင်ချက်များသည် ကြက်ပေါက်ငယ်များကို ကျန်းမာသော အသားစားကြက်အဖြစ် ကြီးထွားလာစေရန် ဖြစ်ပါသည်။
အသားစားကြက်မွေးမြူခြံထဲတွင် အထူးပြုလုပ်ပေးထားသော ကြက်မွေးမြူရေးအခန်းထဲတွင် ကြီးထွားစေပါသည်။ မီးအလင်းရောင် ကောင်းမွန်စွာ ရရှိစေသော အခန်းတွင် ကြက်ပေါက်များကို မွေးမြူပေးပါသည်။ ကျန်းမာစွာ ရှင်သန်ကြီးထွားစေရန် အနွေးဓာတ် နှင့် သဘာဝနေရောင်ခြည် ရရှိစေရန် ဆောင်ရွက်ပေးထားသော အထူးအခန်းပုံစံလည်း ဖြစ်ရန် လိုအပ်ပါသည်။ ထို့အပြင် ကြက်ပေါက်ငယ်လေးများကို လုံခြုံမှုနှင့် သက်တောင့်သက်သာရှိစေရန် ကြမ်းပြင်အောက်ခြေကို လွှစာမှုန့်များ ခင်းပေးထား၍ သော် ၎င်း ဆန်းသစ်တီထွင်ထားသော ရေပိုက်ခေါင်းများဖြင့် ရေငွေ့ဓာတ်နှင့် ရေဓာတ် လုံလောက်စွာ ရရှိစေရန် လုပ်ဆောင်ပေးပါသည်။
ကြက်အစာအဖြစ် အစေ့အဆံများနှင့် တခြား အစေ့အဆံအစားထိုးပစ္စည်းများကို ကျွေးမွေးပေးရန် လိုပါသည်။ ပရိုတင်းဓာတ်ရရှိစေရန်အတွက် ပန်းမုန်ညင်းနှင့် ပဲပိစပ်အစာသည် ကျွေးမွေးသင့်သောကြက်စာဖြစ်ပြီး ၄င်းအာဟာရပစ္စည်းများသည် ကြက်များ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးသောအစာလည်း ဖြစ်ပါသည်။ ကြက်များသည် လိုအပ်သော ကြီးထွားဖွံ့ဖြိုးမှု ရရှိစေရန်အတွက် ရက်သတ္တပတ် ၁၆ မှ ၂၄ ပတ်အတွင်း မျှတသော အာဟာရများ ရရှိရန်လိုအပ်ပါသည်။ အရည်အသွေးကောင်းမွန်သော ကြက်သားထုတ်လုပ်မှုအတွက် ဗျူဟာကျသော ကြက်စာကျွေးမွေးခြင်းသည် တခုအပါအဝင် ဖြစ်ပါသည်။
သတ်မှတ်ချိန်ပြည့်မီသော အသားစားကြက်များကို ခေတ်မီစက်ယန္တရားများနှင့် ပလတ်စတစ်ခြင်းများ အသုံးပြုကာ သတ်မှတ်ထားသော နေရာများသို့ ပို့ဆောင်ပေးပါသည်။ သယ်ယူပို့ဆောင်ရေးကို ထိရောက်သေချာသော သယ်ပိုးသည့်စနစ်ကို အသုံးပြုပြီး ချောမွေ့စွာ ဆောင်ရွက်နိုင်ပါသည်။
အေးခဲကြက်သားထုတ်လုပ်သည့်စက်ရုံသို့ လျင်မြန်စွာ အချိန်တိုအတွင်း ရောက်ရှိအောင်လည်း လုပ်ဆောင်ပေးရပါမည်။
အဓိက အရေးကြီးသောအချက်မှာ လတ်ဆတ်မှုနှင့် အရည်အသွေးကောင်းမွန်မှုကို ထိန်းသိမ်းထားရန် ဖြစ်ပါသည်။ ကောင်းမွန်ပြည့်စုံစွာ စီစဉ်ထားသော ထောက်ပံ့ပို့ဆောင်ရေးသည် လုပ်ငန်းစဉ်တစ်ခုလုံးကို အကောင်းဆုံး ထောက်ပံ့ပို့ဆောင်ရေးဖြစ်စေပါသည်။
သယ်ယူပို့ဆောင်ရာမှ စက်ရုံသို့ ရောက်ရှိလာသော အသားစားကြက်များကို သေချာစွာထုတ်ယူပြီး အသားထုတ်လုပ်ရန်အတွက် ချိတ်များတွင် ချိတ်ဆွဲပြီး နောက်တဆင့် လုပ်ဆောင်ရပါသည်။ လုပ်ငန်းစဉ်တိုင်းကို လုပ်ဆောင်ရာတွင် သန့်ရှင်းမှုနှင့် ထိရောက်သေချာမှု ရှိရန် အရေးကြီးပါသည်။ လုပ်ငန်းလုပ်ဆောင်နေစဉ် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ကိုက်ညီအောင် လုပ်ဆောင်ပေးရမည် ဖြစ်ပါသည်။ ကြက်ခြံမှသည် အေးခဲကြက်သားထုတ်လုပ်သည့် စက်ရုံသို့ ရောက်ရှိသော ခရီးစဉ်တလျှောက်လုံးတွင် ကြက်များ၏ ကျန်းမာရေး နှင့် သန့်ရှင်းမှုကို အလေးထား လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။
အေးခဲကြက်သားထုတ်လုပ်မှု စတင်ဆောင်ရွက်ရန်အတွက် အသားစားကြက်များကို နည်းပညာမြင့် စက် များ အသုံးပြု၍ လည်လှီးပါ သည်။ သန့်ရှင်းသော ပတ်ဝန်းကျင်အနေအထားဖြစ်ရန်လည်း လုပ်ဆောင်ပေးထားရပါသည်။ ၄င်းနောက် ရေနွေးထဲသို့ ထည့်ပြီး အမွှေးနုတ်ခြင်းကို လုပ်ဆောင်ရပါသည်။ အရည်အသွေးမြင့် ကြက်သား ထုတ်လုပ်ပေးနိုင်ရန်အတွက် အသေးစိတ်လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။
ကြက်အမွှေးနုတ်ခြင်း ပြုလုပ်ပြီးပါက ရေဖြင့် ဆေးကြောသန့်စင်ပေးရန် လိုအပ်ပါသည်။
အမွှေးအမျှင် လုံးဝမကျန်ရှိတော့သည့် ကြက်သားများကို အခြောက်ခံစက်ဖြင့် ရေငွေ့လုံးဝမပါရှိအောင် ထုပ်ပိုးပေးရပါမည်။ အရည်အသွေးကောင်းမွန်သော ကြက်သားရရှိစေရန်အတွက် ကျန်းမာရေး နှင့် စိတ်ချလုံခြုံမှုနှင့်ကိုက်ညီသော စံချိန်စံညွှန်းအတိုင်း ထုတ်လုပ်ပေးထားရပါသည်။ စားသုံးသူများ စားသုံးရန် စိတ်ချယုံကြည်မှု အပြည့်အဝရရှိစေရန်လည်း လိုအပ်ပါသည်။
ကြက်ခြေထောက်များကို သီးသန့်ဖယ်ထုတ်သိမ်းဆည်းထားနိုင်သော လုပ်ဆောင်မှုများလည်း စက်၏စွမ်းဆောင်မှုတွင် ပါဝင်စေပါသည်။ အလိုအလျောက်လုပ်ဆောင်မှုအနေဖြင့် ကြက်၏ အူ၊ ကလီစာ နှင့် အသည်းအမြစ်တို့ကို စင်ကြယ်အောင် ဖယ်ရှားပေးရန် လုပ်ဆောင်ချက်လည်း ပါဝင်ရပါမည်။ အရည်အသွေးကောင်းမွန်သော ကြက်သားရရှိနိုင်ရန်အတွက် အလိုအလျောက်စနစ်ဖြင့် ထိရောက်သေချာသော လုပ်ဆောင်ချက်များ လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ နောက်ဆုံးအဆင့်အနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချပေးနိုင်သော အေးခဲကြက်သားထုတ်များ ရရှိလာ ပါပြီ။
အေးခဲကြက်သားထုတ်များကို ဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချလိုသော လုပ်ငန်းရှင်များအတွက် ကျွန်ုပ်တို့ Super Seven Stars Industrial Development Co., Ltd မှ လိုအပ်သောကူညီထောက်ပံ့မှုများနှင့် နည်းပညာမြှင့် စက်ယန္တရားများဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပါသောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
Leave a comment