တန်ဖိုးမြှင့်ထုတ်ကုန်ကဏ္ဍတွင် ပါဝင်နေသော တိရစ္ဆာန်အစာများ၏ အရေးပါမှုအကြောင်းတစေ့တစောင်း

သက်ရှိသတ္တဝါတို့၏ နေ့စဥ်ဘဝ ကျန်းမာဖွံ့ဖြိုးသန်စွမ်းမှုအတွက် အရေးကြီးဆုံးအချက်မှာ အာဟာရဓာတ်ပြည့်ဝသော အစားအစာ စားသုံးခြင်းပင်ဖြစ်ပါသည်။ ရှေးယခင် ကမ္ဘာဦးကတည်းက အသက်ရှင်နေထိုင်ရေး အတွက် လိုအပ်သော အစားစာများကို ရှာဖွေစားသောက်ခဲ့ကြသည်၊၊ တဖြေးဖြေး တိုးတက်လာတဲ့ ခေတ်နဲ့အညီ အာဟာရဓာတ်ပြည့်ဝစေရန် သန့်ရှင်းလတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ နဲ့ အသား၊ ငါးအမျိုးမျိုး တို့ကို စားသောက်ကြပါသည်၊၊ နှစ်စဥ်ကမ္ဘာ့လူဦးရေ တိုးပွားလာသည်နှင့်အမျှ အသား၊ ငါးနှင့် စားနပ်ရိက္ခာများ လုံလောက်မှုရှိစေရန် နိုင်ငံတိုင်း ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ကျွန်ုပ်တို့ မြန်မာနိုင်ငံသည်လည်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း ဦးစားပေးလုပ်ကိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် စားနပ်ရိက္ခာဖူလုံရေးအတွက်သာမက ပြည်ပသို့ တင်ပို့ရောင်းချ လာနိုင်သည်အထိ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို ပိုမိုတိုးမြှင့်လုပ်ကိုင်ရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံသည် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ ရေခံမြေခံ ကောင်းမွန်သည့်နိုင်ငံ ဖြစ်သည့်အတွက် နိုင်ငံအတွင်းရှိ စစ်တမ်းများအရ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများမှာ ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်မွေးမြူရေးကို အနေအထားအမျိုးမျိုးဖြင့် လုပ်ကိုင်မွေးမြူလျက်ရှိသည်ကို တွေ့ရပါသည်၊၊ အိမ်နီးချင်းနိုင်ငံများနည်းတူ အရည်အသွေးကောင်းမွန်သော တိရစ္ဆာန်များ မွေးမြူထုတ်လုပ်နိုင်ရန်နှင့် မွေးမြူထုတ်ကုန်များကို ပြည်တွင်းသာမက ပြည်ပသို့ ပိုမို တင်ပို့ရောင်းချနိင်ရန် အတွက်လည်း ဆောင်ရွက်နေသည်ကို တွေ့ရပါသည်။

မြန်မာနိုင်ငံ ကျေးလက်ဒေသများရှိ မွေးမြူရေးလုပ်ငန်းအများစုတွင် မိရိုးဖလာနည်းအတိုင်း မွေးမြူရေးတိရစ္ဆာန်များကို သဘာဝစားကျက်များတွင် လွှတ်ကျောင်းမွေးမြူကြပြီး ကောင်းမွန်စွာ ကြီးထွားဖွံဖြိုးနိုင်ကြသည်၊၊ ယခုအခါ ထုတ်လုပ်မှု ပိုမိုမြင့်မားလာစေရန် အာဟာရပြည့်ဝပြီး အရည်အသွေးအကောင်းဆုံးနှင့် အသန့်စင်ဆုံးသော ကုန်ကြမ်းများဖြစ်သည့် ပဲဖတ်၊ နှမ်းဖတ်၊ ပဲပိစပ်၊ ပြောင်း၊ ဖွဲနု၊ ပဲနှစ် တို့ကို ရွေးချယ်ပြီး ဗီတာမင်နှင့် သတ္တုဓာတ်များ အချိုးကျပါဝင်ထည့်သွင်းကာ နည်းပညာမြှင့် အသင့်ကျွေးအစာများအဖြစ် ဖော်စပ်ထုတ်လုပ်ကျွေးမွေးလာကြပါသည်၊၊

အရည်အသွေးပြည့်မီသော တိရစ္ဆာန်အစားအစာ၏အခန်းကဏ္ဍ

မွေးမြူရေးအစာသည် တိရစ္ဆာန်များ၏ ဖွံ့ဖြိုးကြီးထွားမှု၊ ကျန်းမာရေးနှင့် ထုတ်လုပ်မှု စွမ်းအားတို့အတွက် မရှိမဖြစ်လိုအပ်သည်၊၊ မြေပဲဖတ်၊ ပြောင်းဆန်၊ မြက်ခြောက်၊ မုယောစပါး၊ ဂျုံ စသည်တို့ဖြင့် ရောစပ်ဖန်တီးထားသော တိရစ္ဆာန်အစာများသည် ကျွဲနွား၊ ဝက်၊ ကြက်၊ သိုး၊ ဆိတ် ကဲ့သို့သော တိရစ္ဆာန်အမျိုးမျိုးတို့အတွက် လိုအပ်သော ပရိုတင်း၊ သတ္တုဓာတ်၊ ဗီတာမင်ဓာတ်များကို အလုံအလောက် ရရှိစေပါသည်။

မွေးမြူရေးတိရစ္ဆာန်များကို စနစ်တကျထုတ်လုပ်ထားသော ကောင်းမွန်သည့် အစာများ ရောစပ်ကျွေးခြင်းဖြင့် အာဟာရပြည့်ဝခြင်း၊ ကြီးထွားနှုန်းမြန်ခြင်း၊ မျိုးအောင်နှုန်းမြင့်မားခြင်းနှင့် လေလွင့်ဆုံးရှုံးမှု နည်းပါးခြင်းတို့ကြောင့် အကျိုးအမြတ်ပိုမိုဖြစ်ထွန်းကာ နိုင်ငံ့စီးပွားရေးကို တဖက်တလမ်းမှ တိုးတက်စေနိုင်မည်ဖြစ်ပါသည်။ သင့်လျော်သောအာဟာရသည် တိရစ္ဆာန်များ ကျန်းမာသန်စွမ်းရန်၊ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်နှင့် မွေးမြူရေးလုပ်ငန်းများ၏ စီးပွားရေး ရေရှည်တည်တံ့ခိုင်မြဲစေရန် အထောက်အကူဖြစ်စေသည်၊၊

ကျွန်ုပ်တို့ Super Seven Stars Industrial Development Co., Ltd. အနေဖြင့်လည်း မွေးမြူရေးတိရစ္ဆာန် နှင့် အိမ်မွေးတိရစ္ဆာန် အစာတို့ကို ထုပ်ပိုးမှုပုံစံအမျိုးအမျိုးတို့ဖြင့် ရောင်းချရန် စိတ်ပါဝင်စားသောလုပ်ငန်းရှင်များအတွက် လိုအပ်သောအကူအညီထောက်ပံ့မှုများနှင့် နည်းပညာမြှင့် စက်ယန္တရားများဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပါသောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Leave a comment