ကော်ဖီသမိုင်းကြောင်းကို လေ့လာဆန်းစစ်ကြည့်ကြမယ်။

ကော်ဖီသမိုင်းကြောင်းကို လေ့လာဆန်းစစ်ကြည့်ကြမယ်။

ကမ္ဘာပေါ်ရှိ လူသားတိုင်းရဲ့ မနက်စာမှာ ကော်ဖီတစ်ခွက်ဟာ မပါမဖြစ် ပါဝင်နေတာဟာ မငြင်းနိုင်တဲ့ အမှန်တရားတခုဖြစ်ပါသည်၊၊မနက်ခင်းကော်ဖီသောက်သုံးပေးခြင်းကစိတ်ကိုကြည်လင်စေနိုင်တဲ့အပြင် ပုံမှန်ထက် လန်းဆန်းတတက်ကြွမှူကိုပေးနိုင်ကြောင်း လေ့လာတွေ့ရှိချက်များလည်းရှိပါသည်။

အများအားဖြင့် မနက်ခင်းနှင့်နေ့လည် အချိန်တွေမှာ ကော်ဖီသောက်သုံးမှု အများဆုံးဖြစ်သည့်အတွက်တကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ကြည့်မည်ဆိုပါက ကော်ဖီခွက်ရေပေါင်း(၂.၄) ဘီလီယံ ကိုနေ့စဥ်သောက်သုံးနေကြသည်။

သောက်သုံးရေသန့် သောက်သုံးမှုအပြီး ဒုတိယအများဆုံးသောက်သုံးမှုအဖြစ် ကော်ဖီကိုသောက်သုံးနေကြပါသည်။လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)ကျော်မှစတင်ကာ ကော်ဖီသည်စတင်ပေါ်ပေါက်ခဲ့ပြီး ယခုအခါ နိုင်ငံပေါင်း (၆၀)ကျော်တွင် စိုက်ပျိုးလျက်ရှိပါသည်။

ကော်ဖီပင်သည် ပင်လယ်ပြင်အထက်ပေပေါင်း ၁၂ဝဝ နှင့် ပေ ၂ဝ⁠ဝဝ ကြားရှိ ရေကောင်းစွာရရှိသော ကုန်းမြင့်ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းလျက်ရှိသည်၊၊ ကုန်းမြင့်ကော်ဖီ (Arabica)များသည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၅၀၀ ပေကျော်တွင် စိုက်ပျိုးနိုင်ပြီး မြေနိမ့်ကော်ဖီ (Robusta) သည် ပင်‌လယ်ရေမျက်နှာပြင် ပေ ၂၅၀၀ အောက်ရှိ‌‌ဒေသများတွင် စိုက်ပျိုးနိုင်ပါသည်။

မြန်မာနိုင်ငံတွင် ကုန်းမြင့်ကော်ဖီ ကို ပြင်ဦးလွင်ဒေသ၊ ရှမ်းပြည်နယ် ၊ ချင်းပြည်နယ် စသည့်တောင်တန်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ကရင်ပြည် သံတောင်ကြီးဒေသ၊ တနင်္သာရီ စသည့် နေရာများတွင်မူ မြေနိမ့်ကော်ဖီများစိုက်ပျိုးကြသည်၊၊

ကော်ဖီပင်များသည် ၃ နှစ်သားအရွယ် ခန့်တွင် စတင်သီးပွင့်လာကြပြီး ၅ နှစ်သားအရွယ်တွင် သီးအား ပြည့်စုံလာသည်။ တစ်ပင်လျှင် အနှစ် ၂ဝမျှကြာအောင် သီးပွင့် လေ့ရှိသည်။ အသီးများသည် ပထမ၌ အစိမ်းရောင်ဖြစ်သည်။ ထို့နောက် ဝါလာပြီး နောက်ဆုံးတွင် နီသွားသည်။ ရာသီဥတုကောင်းသော ဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင် နှစ်ကြိမ်သုံးကြိမ်တိုင်အောင် ပွင့်နိုင်သီးနိုင်သောကြောင့် တစ်ပင်တည်း မှာပင် အပွင့်နှင့်အသီးစိမ်း၊ အသီးမှည့်များကို တစ်ပြိုင်နက် တွေ့ရတတ်သည်။

ကော်ဖီသီးများ မှည့်သောအခါ အသီးများကို ခူး၍ဖြစ်စေ၊ အောက်မှ အဝတ်ခံကာ အပင်ကို လှုပ်ပေး၍ ဖြစ်စေ သိမ်းယူ ရသည်။ ထို့နောက် အသီးများကိုရေစိမ်ကာ အသီးခွံချွတ်ရသည်၊၊ ရရှိလာသော အစေ့များကို နေလှမ်း၍ဖြစ်စေ၊အခြောက်ခံ စက်ကရိယာများဖြင့်ဖြစ်စေ နည်းအမျိုးမျိုးဖြင့် အခြောက်လှမ်းခြင်း များ ပြုလုပ် ကြသည်။ အစေ့များကို တစ်နည်း⁠နည်းဖြင့် အခြောက်လှန်းပြီးနောက် ဒလိမ့်များနှင့် လိမ့်ပေးခြင်း၊ ပွတ်ထုတ်ပစ်ခြင်းများ ပြုလုပ်ရသည်။

အနံ့အရသာနှင့် ပြည့်စုံသည့် ကော်ဖီကို ရရှိနိုင်ရန် အတွက် အခြောက်ခံပြီး ကော်ဖီစေ့များကို အညိုရောင် ရသည်အထိ လှော်ပေးရသည်။ ထိုသို့ လှော်ပြီး ရရှိလာသည့် ကော်ဖီစေ့များကို ခေတ်မီ စက်ကရိယာများ အသုံးပြုကာဖြင့် အမှုန့်ကြိတ်ရပြန်သည်။အရသာကောင်းမွန်‌စေရန် လိုအပ်သော ပါဝင်ပစ္စည်းများရောနှောကြသလို ရရှိသည့်အမှုန့်အတိုင်းသောက်သုံးကြသည်လည်းရှိပါသည်၊၊ယခင်က ကော်ဖီစေ့များကို အိမ်မှာပင် မိရိုးဖလာ နည်းလမ်းများဖြင့် တနိုင်တပိုင် ထုတ်လုပ်ကြသော်လည်း ယခုအခါ ခေတ်မီနည်းပညာများဖြင့် စက်ရုံကြီးများတွင် Freeze Dried Method နဲ့ Spray Dried Method စသည့်နည်းလမ်းများကိုအသုံးပြုကာ အချိန်တိုအတွင်း အသင့်သောက်ကော်ဖီကို အလွယ်တကူထုတ်လုပ်လာနိုင်ပြီး ပြည်ပစျေးကွက်အထိ တင်ပို့ရောင်းလျက်ရှိပါသည်။

ကော်ဖီအမျိုးအစားကို အရသာကောင်းမွန်ပြီးကော်ဖီနံ့ ပိုမွှေးသော (Arabica) ကော်ဖီနှင့် ကော်ဖီအရသာ ပြင်းသော (Robusta) ကော်ဖီအမျိူးအစားနှစ်မျိုးကိုတွေ့ရပါသည်။ ကော်ဖီဈေးကွက်ရဲ့ ၆၀%-၈၀% သည် (Arabica) ကော်ဖီ အမျိုးအစားဖြစ်ပြီး (Robusta) ကော်ဖီ ထက် ကော်ဖီစေ့ ပိုပြား၊ ပိုရှည်ပြီး ကဖိန်းဓာတ်လည်း ပိုနည်းပါသည်။ ထို့ကြောင့် နိုင်ငံတဝှမ်းရှိ စစ်တမ်းများအရ လူအများစုသည် (Robusta)ကော်ဖီထက် (Arabica) ကော်ဖီကိုအများဆုံးသောက်သုံးကြသည်။

မြန်မာပြည်အတွက် ကော်ဖီကျွမ်းကျင်ပညာရှင်များရှိနေပြီလား?

မြန်မာပြည်တွင် ကော်ဖီ ကျွမ်းကျင်ပညာရှင်များ ရှိနေပါသည်၊၊ကျွမ်းကျင်သော စိုက်ပျိုးသူ ၊ ထုတ်လုပ်သူများရှိနေပြီး မြန်မာ့ကော်ဖီသည် အာရှ၌လည်းကောင်း ၊ ကမ္ဘာနိုင်ငံကော်ဖီ စျေးကွက်၌လည်းကောင်း ထိုးဖောက်နိုင်သည်အထိ ကောင်းမွန်သော အရည်အသွေးမြင့် ကော်ဖီမျိုးဖြစ်ကြောင်းလေ့လာတွေ့ရှိရပါသည်၊၊

အသင့်သောက်ကော်ဖီထုတ်လုပ်မှုနည်းပညာကို လေ့လာကြည့်မည်ဆိုပါက

  • Freeze Dried Method
  • Spray Dried Method (လေဖြန်းခြောက်ခြင်း)
  • Liquid Concentrate Method စသည့်နည်းလမ်း (၃) မျိုးဖြင့် ထုတ်လုပ်နိုင်ကြောင်းတွေ့ရှိရမည်ဖြစ်သည်၊၊

ကော်ဖီချစ်သူများအတွက် အသင့်သောက်ကော်ဖီဟာ မနက်ခင်းတိုင်းကို အကောင်းဆုံးဖန်တီးပေးနေတဲ့ အရာတစ်ခုလည်းဖြစ်ပါသည်၊၊

အသင့်သောက်ကော်ဖီ၏အခန်းကဏ္ဍကြီးထွားလာသည်နှင့်အမျှ ကော်ဖီချစ်သူများ အတွက်ရရှိနိုင်သောအသင့်သောက်ကော်ဖီ အမျိူးအစားများမှာ Freeze Dried နှင့် Spray Dried အသင့်သောက်ကော်ဖီတို့ကို ဘေဘုယျအားဖြင့် စျေးကွက်တွင်တွေ့ရှိရပါသည်။

Spray Dried Method (လေဖြန်းခြောက်ခြင်း)

ကော်ဖီထုတ်လုပ်ခြင်းအတွက် Spray Dried Method (လေဖြန်းခြောက်ခြင်း) သည် ကော်ဖီ၏ အနှစ်သာရကို မပျက်စီးဘဲ အစေ့များအဖြစ်သို့ အလျင်အမြန်ပြောင်းလဲပေးပါသည်။ အခြေခံသဘောတရား အရထုတ်လုပ်မှုမှာ ရေပါဝင် သိပ်သည်းမှုကို လျော့ချပေးပြီး ကော်ဖီမှုန့်ထုတ်လုပ်ထားခြင်းဖြစ်သည်၊၊ မိမိတို့၏ အသင့်သောက်ကော်ဖီကို ထုတ်လုပ်မှုစရိတ်သက်သာစွာထုတ်လုပ်နိုင်ရန် Spray Dried Method ကိုအသုံးပြုသင့်ပါသည်၊၊

Spray Dried Method ဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သည် Freeze Dried Methodထက် နည်းပါးသောကြောင့် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ပါသည်။ ထို့အပြင် ကော်ဖီ ထုတ်လုပ်မှုအချိန်သည် တိုတောင်းပါသည်။ အချိန်အကြာ စောင့်ဆိုင်းစရာမလိုဘဲ အသင့်သောက်ကော်ဖီကို အမြောက်အများကိုအလွယ်တကူ ထုတ်လုပ်နိုင်သည်။

Spray Dried Method ဖြင့် အသင့်သောက် ကော်ဖီ ပြုလုပ်ရာတွင် ထုတ်ယူထားသောကော်ဖီသည် အက်တမ်ဖျော်စက်မှတစ်ဆင့် သေးငယ်သောအစက်များအဖြစ်သို့ ပြောင်းလဲသွားသည့် အက်တမ်ဓာတ်ပြုခြင်းလုပ်ငန်းစဉ်ကို ဦးစွာလုပ်ဆောင်မည်ဖြစ်သည်။ ထို့နောက် မြင့်မားသော cylindrical tower ထိပ်မှတဆင့် လေပူစီးကြောင်း (80°C မှ 180°C) သို့ ဖြန်းပေးရသည်။ လုပ်ငန်းစဉ်အပေါ်အခြေခံ၍ ဤနည်းလမ်း၏ဒုတိယအဆင့်ကို လေဖြန်းခြင်းအဆင့်ဟုခေါ်သည်။ ရေများ အငွေ့ပျံသွားသည်နှင့် ကော်ဖီ၏ နောက်ဆုံးပုံစံသည် အမှုန့်ပုံစံဖြစ်သွားသည်။

ဤနည်းလမ်းသည် ကော်ဖီ၏ သဘာဝအရသာနှင့် အနံ့များစွာကို ထိန်းသိမ်းထားသောကြောင့် အရည်အသွေးကောင်းမွန်သော ကော်ဖီ ကို ပေးဆောင်နိုင်ပြီး Freeze Dried Method အသုံးပြုခြင်းထက်စရိတ်သက်သာစွာထုတ်လုပ်နိုင်ပြီးထုတ်လုပ်ချိန်ကိုပါလျော့ချနိုင်မည်ဖြစ်ပါသည်၊၊

ကျွန်ုပ်တို့ Super Seven Star Industrial Development Co., Ltd အနေဖြင့်လည်း အသင့်သောက်ကော်ဖီထုပ်များကို ပြည်တွင်း၊ပြည်ပထိ တိုးဖောက်ရောင်းချရန် စိတ်ပါဝင်စားသောလုပ်ငန်းရှင်များ အတွက် လိုအပ်သောအကူညီထောက်ပံ့မှုများနှင့်နည်းပညာမြင့် စက်ယန္တရားများ ဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် contact Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Leave a comment