Search

အကောင်းဆုံး စက်မှုလုပ်ငန်း ဝန်ဆောင်မှုများ

Super Seven Stars Industrial Development Co.,Ltd မှ လှိက်လှဲစွာ ကြိုဆိုပါသည်။


ကျွန်ုပ်တို့၏ ကုမ္ပဏီသည် အရည်အသွေးမြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် ခေတ်မှီနည်းပညာပိုင်းဆိုင်ရာများတွင် အရှေ့ဆုံး၌ တည်ရှိနေရခြင်းအား အထူးပင် ဂုဏ်ယူ ဝမ်မြောက်မိပါသည်။


ကျွန်ုပ်တို့သည် ကုန်ထုတ်လုပ်မှု နည်းပညာများတွင် အကျွမ်းကျင်ဆုံးသော ပညာရှင်များဖြစ်ကြသည့် နိုင်ငံတကာမှ ဂုဏ်ရှိန်မြင့်မားသော ကျွန်ုပ်တို့၏ မိတ်ဖက်ကုမ္ပဏီများနှင့် ပူးပေါင်းကာ လူကြီးမင်း၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင်း နောက်ဆုံးပေါ် ခေတ်မှီနည်းပညာများ ပိုမိုတိုးတက်မြင့်မားလာခြင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းစေခြင်း၊ နိုင်ငံတကာစံချိန်မှီ အရည်အသွေးပြည့်ဝသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်လာနိုင်ခြင်းနှင့် လူကြီးမင်း၏ ကုန်ထုတ်လုပ်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများအား လျော့ချနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကာ လူကြီးမင်း၏ ကုန်ထုတ်လုပ်ငန်းများ ပိုမို တိုးတက်အောင်မြင်မှုများ ရရှိနိုင်မည် ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

ကျွန်ုပ်တို့သည် လူကြီးမင်း၏လုပ်ငန်း ပြီးပြည့်စုံရန်အတွက် အရည်အသွေးပြည့်မှီတိကျသောစက်ယန္တယားများအား ဖြည့်ဆည်းပေးနိုင်ရန် အထူးဂုဏ်ယူ၀မ်းမြောက်စွာဖြင့် ကမ်းလှမ်းအပ်ပါသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်ပိုင်နိုင်သောအတွေ့အကြုံများဖြင့် အကောင်းမွန်ဆုံးစီစဥ်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

01

ကျွန်ုပ်တို့သည် လူကြီးမင်း၏ ကုန်ထုပ်လုပ်မှုအတွက်လိုအပ်သော ပြည်တွင်းမှကုန်ကြမ်းပစ္စည်းများအား န်ုပ်တို့၏ဂုဏ်သိက္ခာရှိသော ပြည်တွင်းကုမ္မဏီများနှင့်ပူးပေါင်းကာ စဥ်ဆက်မပြတ်ရရှိနိုင်ရေးအား ကြိုးပမ်းဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

02

ကျွန်ုပ်တို့ထံမှ၀ယ်ယူထားသောစက်ယန္တယားများအတွက်၎င်းတို့၏ စက်အရံပစ္စည်းများအားလူကြီးမင်းလိုအပ်သည့်အချိန်တွင်လွယ်ကူလျင်မြန်စွာ ရရှိနိုင်ရေးအတွက် ကျွန်တော်များ၏ ကုမ္မဏီမှ ကြိုတင်၀ယ်ယူစုဆောင်းပေးထားခြင်း၊ စက်ယန္တယားများလည်ပတ်နေချိန်အတွင်း တစ်စုံတစ်ရာ အခက်ခဲများဖြစ်ပေါ်လာပါက လူကြီးမင်း၏ ကုန်ထုပ်လုပ်မှုမရပ်တန့်စေရန် အလို့ဌာ ၂၄နာရီ-၁ပတ်လုံးကျွမ်းကျင်အင်ဂျီနီယာများဖြင့် ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

03

လူကြီးမင်း၏ကုန်ထုပ်လုပ်မှုလုပ်ငန်းများတွင် အရည်အသွေးမြင့်ထုတ်ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရန် ကမ္ဘာတစ်၀ှမ်းလုံးရှိ ကျွမ်းကျင်ပညာရှင်၊ အင်ဂျင်နီယာများဖြင့်ပူပေါင်းကာ လိုအပ်သောနည်းပညာများအား ထောက်ပံ့ကူညီပေးမည်ဖြစ်ပါသည်။

04

ထို့အပြင် လူကြီးမင်း၏ ကုန်ထုပ်လုပ်မှုနည်းစနစ်များမှန်ကန်တိကျစေရန် ထုပ်ကုန်များ၏ အရည်သွေးများမှာ ကမ္ဘာ့အဆင့်မှီဖြစ်စေရေးအတွက် လိုအပ်သော GMP, FSSC, ISO, HACCP စသောနိုင်ငံတကာအသိမှတ်ပြုလက်မှတ်များ ရရှိနိုင်ရန်အတွက် ကျွန်ုပ်တို့၏ကုမ္မဏီမှ ကူညီပံ့ပိုးပေးမည်ဖြစ်ပါသည်။

05

အကယ်၍ လူကြီးမင်းမှ ကုန်ထုပ်လုပ်မှုလုပ်ငန်းလုပ်ကိုင်နိုင်ရန် စက်ယန္တယားများအတွက် ရင်းနှီးမြှပ်နှံရန်ငွေကြေးအခက်ခဲရှိပါက စက်ယန္တယားများအား အရစ်ကျငွေပေးချေသောစနစ်ဖြင့် ၀ယ်ယူအသုံးပြုနိုင်ရန် ကျွန်တော်များ၏ကုမ္မဏီမှ လူကြီးမင်းနှင့်အသေးစိတ်ညှိနှိုင်းကာ စီစဥ်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

06

လူကြီးမင်း၏ကုန်ထုပ်လုပ်မှုလုပ်ငန်း၊ စက်ရုံအား ၂၄ နာရီ လျှပ်စစ်မီးရရှိနိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးခြင်းစသည့်အခွင့်ရေးကောင်းများ ရရှိမည်ဖြစ်ပါသည်။

07

ထို့အပြင်လိုအပ်ပါကာ လူကြီးမင်း၏ ကုန်ထုပ်လုပ်မှုလုပ်ငန်းတစ်ခုလုံး လည်ပတ်နိုင်ရန်အတွက် သက်ဆိုင်ရာဘဏ်များနှင့်ချိတ်ဆက်ကာ အသက်သာဆုံးအတိုးနှုန်းများဖြင့် ချေးငွေရယူနိုင်ရန် ကျွန်တော်များ၏ကုမ္မဏီမှ ကြိုးစား၍ စီစဥ်ဆောင်ရွက်ပေးခြင်း၊

08
Back to Top

သီးသန့်အပ်ဒိတ်များအတွက် စာရင်းသွင်းပါ။

You have successfully subscribed to the newsletter

There was an error while trying to send your request. Please try again.

Industrial Development will use the information you provide on this form to be in touch with you and to provide updates and marketing.