မြန်မာနိုင်ငံ စားသုံးဆီ ထုတ်လုပ်ရေး နှင့် ဆီအုန်းပင် စိုက်ပျိုးရေး ကဏ္ဍ ၏ အနာဂတ်အလားအလာကောင်းများ

မြန်မာနိုင်ငံတွင်း စားသုံးဆီထုတ်လုပ်မှုနှင့် မြေယာစီမံခန့်ခွဲမှု

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization) ၏ အဆိုအရ မြန်မာနိုင်ငံတွင် မြေပဲ ၊ နှမ်း ၊ နေကြာ ၊ ဆီအုန်း စိုက်ခင်းများ တိုးချဲ့လာသည်နှင့်အမျှ တစ်နှစ်ထက်တစ်နှစ် စားသုံးဆီ ထုတ်လုပ်မှုသည် တဖြည်းဖြည်း တိုးလာကြောင်း သိရပြီး မြန်မာ့မြေယာအသုံးပြုမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုနှင့် ရေရှည်တည်တံ့ရေး အလေ့အထများအကြောင်း ဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ဆီထွက်သီးနှံစိုက်ပျိုးခြင်း၏ စီးပွားရေးအကျိုးအမြတ်များကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် တာဝန်သိမြေယာစီမံခန့်ခွဲမှုတို့ဖြင့် ဟန်ချက်ညီစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာ့စားသုံးဆီအတွက် စျေးကွက်နှင့် ကုန်သွယ်မှုသဘောတူညီချက်များ

မြန်မာနိုင်ငံသည် မြေပဲ ၊ နှမ်း ၊နေကြာ ၊ ဆီအုန်း စိုက်ခင်များမှရရှိသော စားသုံးဆီများ၏ အရေးပါသော အစိတ်အပိုင်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာဈေးကွက်များသို့ တင်ပို့လျက်ရှိသည်။ မြန်မာနိုင်ငံရှိ စားအုန်းဆီ တင်ပို့မှုအတွက် ဦးတည်ရာ စျေးကွက်များသည် အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံစားအုန်းဆီ တင်ပို့မှုတန်ဖိုးသည် နိုင်ငံတကာဈေးကွက်ပေါက်ဈေး၊ အရည်အသွေးစံနှုန်းများနှင့် ကုန်သွယ်မှုသဘောတူညီချက်များ စသည့်အချက်များကြောင့် တိုးတတ်ကောင်းမွန်လျက်ရှိသည်။ ဆီထွက်သီးနှံ အမျိုးမျိုး စိုက်ပျိုးသည့်အနက် မြန်မာနိုင်ငံသည် ဆီအုန်းပင် စိုက်ပျိုးထုတ်လုပ်သည့် အရှေ့တောင်အာရှနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ ဆီအုန်းပင်မှ ရရှိသည့် စားသုံးဆီသည် မြန်မာ့ရိုးရာဟင်းလျာများ ၊ မုန့်ပဲသရေစာများ တွင် အဓိကပါဝင်ပစ္စည်းဖြစ်ပြီး ဟင်းချက်ခြင်း၊ ကြော်ခြင်းတို့ အတွက် အဓိက အသုံးပြုလျက်ရှိသည်။ ဆီအုန်းပင် စိုက်ပျိုးမှုကို တနင်္သာရီတိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်း ဒေသများတွင် အများဆုံး စိုက်ပျိုးသည်။ ဤဒေသများသည် ရာသီဥတုကောင်းမွန်ပြီး စားအုန်းပင် စိုက်ပျိုးရန် အထူးသင့်လျော်သော မြေဆီလွှာများရှိသည်။

မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံအမျိုးမျိုးမှ ရရှိသော ဆီများကို စားသောက်ကုန်ထုတ်လုပ်ခြင်း၊ စားသုံးဆီ ထုတ်လုပ်မှု၊ လူသုံးကိုယ်ပစ္စည်း ထုတ်ကုန်များနှင့် ဇီဝဒီဇယ်များ ထုတ်လုပ်ခြင်း အပါအဝင် ကဏ္ဍအသီးသီးတွင် အသုံးပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဒေသစျေးကွက်လမ်းကြောင်းများတွင် စဉ်ဆက်မပြတ် စားသုံးဆီ အမျိုးမျိုးအကြောင်း သိရှိနားလည်မှု တိုးမြင့်လာသည်နှင့်အမျှ အကျိုးအမြတ်အာမခံချက် မြင့်မားသော တန်ဖိုးမြှင့် ထုတ်ကုန်များအတွက် ဦးစားပေးမှုများ ပါဝင်လာသည်။

ဆီအုန်းစိုက်ပျိုးခြင်းအတွက် တိုင်းဒေသကြီးအစိုးရ၏ ပံ့ပိုးကူညီမှု

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မြန်မာနိုင်ငံအစိုးရသည် စားသုံးဆီအမျိုးမျိုးထုတ်လုပ်ရေး နှင့် ဆီအုန်းပင် စိုက်ပျိုးမှုကို မြှင့်တင်ရန် ပံ့ပိုးကူညီမှုများပေးထားသည်။ အကောင်အထည်ဖော်ရန် ကျန်ရှိနေသော စီမံချက်များတွင် အသေးစားတောင်သူလယ်သမားများအတွက် ထောက်ပံ့ကြေးများ၊ လေ့ကျင့်ရေးအစီအစဉ်များနှင့် ဆီအုန်းပင် အပါအဝင် အခြား ဆီထွက်သီးနှံများ စိုက်ပျိုးသည့်ဒေသများရှိ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်သည်။

မြန်မာ့စားသုံးဆီကဏ္ဍအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ

မြန်မာနိုင်ငံရှိ စားသုံးဆီနှင့် ဆီအုန်းပင် စိုက်ပျိုးရေးကဏ္ဍသည် ကမ္ဘာ့စျေးနှုန်းအတက်အကျ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများနှင့် စည်းမျဉ်းစည်းကမ်းပြဿနာများကဲ့သို့သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း မြန်မာ့စားသုံးဆီလုပ်ငန်း နှင့် စားသုံးဆီ စက်ဆပ် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် နည်းပညာဆိုင်ရာ တိုးတက်မှုများ၊ ရေရှည်တည်တံ့သော အလေ့အကျင့်များနှင့် တန်ဖိုးမြှင့် လုပ်ငန်းစဉ်များအတွက် အခွင့်အလမ်းများလည်း ရှိပါသည်။

ထိုကဲ့သို့‌ နေ့စဥ်ဘဝအတွက် လိုအပ်သည့် စားသုံးဆီအမျိုးမျိုး နှင့်ဆီအုန်းပင်စိုက်ပျိုးရေး စတင်လုပ်ကိုင်သည့်အချိန်မှစ၍ နိုင်ငံတကာသို့ တင်ပို့‌ရောင်းချ ဖြန့်ချိသည့်အချိန်ထိ လုပ်ငန်းတွင်ကျယ်စေရန် နှင့် လုပ်ငန်းခွင် စက်ရုံအလုပ်ရုံများတွင် အန္တရာယ်ကင်းစေရန် အကြံဉာဏ်ပေးခြင်း၊ လိုအပ်သောအကူညီထောက်ပံ့မှုများနှင့်နည်းပညာမြင့် စက်ယန္တရားများ ဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Leave a comment