မြန်မာနိုင်ငံ၏ တန်ဖိုးမြှင့် ထုတ်ကုန်ကဏ္ဍတွင် အရေးပါသော အနေအထားသို့ ရောက်ရှိလာနေသော မြန်မာ့နွားနို့ နှင့် နို့ထွက်ပစ္စည်းများ အကြောင်း

ယခုလက်ရှိ မြန်မာနိုင်ငံတွင် နို့စားနွားကောင်ရေ စုစုပေါင်း ၃သိန်းဝန်းကျင်ရှိပြီး နှစ်စဉ် နွားနို့ တန်ချိန်ပေါင်း ၉သိန်းခန့် ထွက်ရှိနေပါသည်။ နို့စားနွားတစ်ကောင်၏ နို့ထွက်နှုန်းမှာ နို့ထွက် ရာသီခွင် (Lactation Cycle) တစ်ကြိမ်တွင် နွားနို့ ၁၈၀၀ မှ ၃၀၀၀ လီတာ ထွက်ရှိသည်ဟုလည်း အကြမ်းဖျင်း မှတ်သားသိရှိရပါသည်။ မြန်မာနိုင်ငံတွင် နို့ နှင့် နို့ထွက်ပစ္စည်းအား စားသုံးမှုနှုန်း တနှစ်ထက် တနှစ် မြင့်မားလာလျက်ရှိနေပြီး မြို့ပြနေ လူတန်းစားများသာမက ကျေးလက်နေပြည်သူလူထုများပါ စားသုံးလာနေပါသည်။

တန်ဖိုးမြှင့်နို့ထွက်ပစ္စည်းများအတွက် ဝယ်လိုအား တိုးလာမှု

တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သော အသင့်သောက်သုံးနိုင်သော နို့ဗူး ၊ ဒိန်ချဉ် ၊ ဒိန်ခဲတို့သာမက နို့ဆီ ၊ နို့စိမ်း ၊ ထောပတ် ၊ ချိစ် ၊ နို့မှုန့် တို့ကို ကျန်းမာရေး နှင့် ညီညွှတ်စေရန် ၊ ဘေးဥပဒ် အန္တရာယ်ကင်းရှင်းစေရန် အတွက်

ခေတ်မှီထုပ်ပိုးမှု ပုံစံများဖြင့် နိုင်ငံတကာ အဆင့်မှီ ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း ကိုလည်း တွေ့မြင်မှတ်သားရပါသည်။

နိုင်ငံတကာစံနှုန်းများကို လက်ခံကျင့်သုံးခြင်း၏ အရေးပါမှု

Adopting internationally recognized standards such as GMP (Good Manufacturing Practices), HACCP (Hazard Analysis Critical Control Point), FSSC (Food Safety System Certification), and ISO (International Organization for Standardization) is crucial. These standards not only ensure product safety and quality but also facilitate easier export and sale of dairy products both domestically and abroad.

Proper transportation of value-added products is critical to maintaining their quality. Using refrigerated vehicles is necessary to prevent spoilage during transit.

စားသုံးသူအကြိုက်များနှင့် စျေးကွက်လမ်းကြောင်းများကို လိုက်လျောညီထွေဖြစ်အောင်ဆောင်ရွက်ခြင်း

အချိန် နှင့် အမြဲ ပြောင်းလဲဖြစ်ပေါ်နေသော စားသုံးသူများ ၏ နေထိုင်မှု ပုံစံ နှင့် ကြိုက်နှစ်သက်မှုပေါ်မူတည်ပြီး မိမိတို့၏ ထုတ်ကုန်များကို ထုတ်လုပ်သွားရန် လိုအပ်ပါသည်။ ထပ်မံ၍လည်း မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ရာသီဥတု အခြေအနေပေါ်မူတည်၍လည်း မိမိတို့ ထုတ်ကုန်များကို ကိုက်ညီအဆင်ပြေရန် ထုတ်လုပ်သွားရန်လည်း လိုအပ်ပါသည်။ နိုင်ငံတကာ စျေးကွက် အခြေအနေ ၊ စျေးကွက်အနေအထား ၊ စားသုံးသူများ အကြိုက်ပုံစံများအား စဉ်ဆက်မပြတ်လေ့လာ ရန် နှင့် လိုအပ်ပါကလည်း စျေးကွက် သုတေသန ဆောင်ရွက်ချက်များအား လုပ်ဆောင်ပေးသွားရန် လိုအပ်ပါသည်။

နိဂုံးချုပ် - စျေးကွက်အခွင့်အလမ်းများကို သိမ်းပိုက်ခြင်း

နိဂုံးချုပ်အားဖြင့် ဆိုရလျှင် မြန်မာနိုင်ငံ၏ နို့ နှင့် နို့ထွက်တန်ဖိုးမြှင့် ပစ္စည်း ထုတ်လုပ်မှု အခန်းကဏ္ဍသည် နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်ရန် နှင့် ပြည်တွင်းစားသုံးမှုကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စတင်ရန် အချိန်အခါကောင်းဖြစ်နေပါသည်။ အခြေခံလိုအပ်ချက်များဖြစ်သော နည်းပညာမြင့် စက်ယန္တရားများ ၊ နည်းပညာ အသစ်များ ၊ ထုပ်ပိုးမှု ပုံစံအဆန်းတို့ဖြင့် ထုတ်လုပ်ရေး ကဏ္ဍကို အဆင့်မြှင့်တင်ပေးပြီး တိကျခိုင်မာသော စျေးကွက်ဗျူဟာတို့ဖြင့် မိမိတို့၏ ကုန်အမှတ် တံဆိပ်ကို ပြည်တွင်းစျေးကွက်သာမက နိုင်ငံတကာ စျေးကွက်တွင် ခိုင်မာသော နေရာတစ်ခု ရရှိနိုင်အောင် လုပ်ဆောင်နိုင်ရန် အချိန်အခါကောင်းတစ်ရပ်ဖြစ်ပါသည်။

For those interested in venturing into Myanmar’s promising value-added products sector, Super Seven Stars Industrial Development Company offers the necessary support and high-tech machinery. Contact our Hotline at 09-940844255 or email info@sssindustrialdevelopment.com for more information.

Leave a comment