အခွင့်အလမ်းများ ပြည့်နှက်နေသည့် မြန်မာနိုင်ငံ အဖျော်ယမကာ လုပ်ငန်းကဏ္ဍအကြောင်း တစေ့တစောင်း

မြန်မာ့အဖျော်ယမကာလုပ်ငန်းကဏ္ဍရှိ စျေးကွက်လမ်းကြောင်းများနှင့် အခွင့်အလမ်းများ

မြန်မာနိုင်ငံတွင် လူဦးရေတိုးတက်လာခြင်းနှင့်အတူ စားသုံးမှု မြင့်မားလာခြင်း ၊ စျေးကွက်အတွင်း ငွေကြေးသုံးစွဲမှု များပြားလာခြင်း ၊ စားသုံးသူတစ်ဦးတစ်ယောက်ချင်းစီ၏ ကြိုက်နှစ်သစ်မှု ပြောင်းလဲလာခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ အဖျော်ယမကာ ထုတ်လုပ်ခြင်းလုပ်ငန်း ကဏ္ဍသည် တိုးတက်ရန် အလားအလာ များစွာရှိသည့် အခြေအနေသို့ ဦးတည်လာနေပြီဖြစ်ပါသည်။

ယနေ့မျက်မှောက်ခေတ် မြန်မာနိုင်ငံ အဖျော်ယမကာ ထုတ်လုပ်ခြင်းကဏ္ဍတွင် ပြည်တွင်း နှင့် ပြည်ပလုပ်ငန်းရှင်များပါ ဝင်ရောက် လုပ်ကိုင်နေသည်ကို တွေ့ရှိရပြီး နေ့စဉ်သောက်သုံးမှုနှုန်းမြင့်မားလာသော အဖျော်ယမကာ စျေးကွက်ကို ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

စားသုံးသူအကြိုက် အလိုက် ထုပ်ပိုးမှု ပုံစံအသစ်များနှင့် တီထွင်ဆန်းသစ်မှုများ

လူကြီးလူငယ်မရွေးသောက်သုံးနိုင်သော သစ်သီးဖျော်ရည် ၊ အားဖြည့်အချိုရည် များသာမက အရက်ပါဝင်မှုရှိသည့် အဖျော်ယမကာများ ဖြစ်သော ဆန်အရက် ၊ ရိုးရာခေါင်ရည် နှင့် ကော်ဖီ ၊ လက်ဖက်ရည် အသင့်သောက် ဗူးများကိုပါ စျေးကွက်တွင် တွေ့ရှိနေရပြီဖြစ်ပါသည်။

ပြည်ပမှ ဝင်ရောက်လာသော အမှတ် တံဆိပ်များဖြစ်သော Coca-cola ၊ Pepsi အစရှိသော ကုန်အမှတ်တံဆိပ်များအပြင် ပြည်တွင်း ထုတ်ကုန် အမှတ်တံဆိပ်များမှလည်း ထုပ်ပိုးမှုပုံစံ အသစ်များဖြင့် စားသုံးသူများ၏ အကြိုက်နှင့်ကိုက်ညီစွာ ထုတ်လုပ်လာကြသည်ကို တွေ့မြင်မှတ်သားလာရပါသည်။

မြန်မာ့ အဖျော်ယမကာ ဈေးကွက်တွင် ခေတ်အလိုက်ပြောင်းလဲ စီးဆင်းနေသော လူငယ်များ၏ လူနေမှု ဘဝပုံစံ ၊ ရာသီဥတု နှင့် လိုက်၍ ထုတ်ကုန်များကွဲပြားမှု နှင့် စားသုံးသူအကြိုက် ကွဲပြားမှု စသည့် အချက်တို့ကို အခြေခံ၍ မတူညီသော ဒေသအသီးသီးရှိ စားသုံးသူများအတွက် အဖျော်ယမကာ ထုတ်ကုန်မျိုးစုံကို ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။

စျေးကွက်ချဲ့ထွင်ခြင်းအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ

ယခုလက်ရှိ အချိန်တွင် မြန်မာနိုင်ငံရှိ အဖျော်ယမကာ လုပ်ငန်းကဏ္ဍသည် အခြေခံအဆောက်အအုံလိုအပ်ချက်များ ၊ နည်းပညာလိုအပ်ချက်များ ၊ ပို့ဆောင်ဖြန့်ချိရေး ၊ ခေတ်မှီ စက်ယန္တရားများ တပ်ဆင်အသုံးပြုနိုင်ရေး နှင့် စနစ်တကျလုပ်ငန်းလည်ပတ်လုပ်ဆောင်နိုင်ရေး အစရှိသော စိန်ခေါ်မှုများကို ရင်ဆိုင်နေရပါသည်။ မည်သို့ပင်ဆိုစေကာမူ‌ စျေးကွက်အသစ်ချဲ့ထွင်နိုင်ရန် နှင့် ဆန်းသစ်တီထွင်ဖန်တီးမှုများကို စောင့်မျှော်စားသုံးပေးမည့် စျေးကွက် တစ်ခု ရှိနေသော အခွင့်အလမ်းများရှိနေပါသည်။

အစိုးရ၏ ပံ့ပိုးကူညီမှုနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး

အဖျော်ယမကာ လုပ်ငန်းသည် သီးနှံစိုက်ပျိုးသော ပြည်တွင်း လယ်သမားများအတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်ခြင်း မြန်မာ့ကျေးလက်နှင့် မြို့ပြဒေသများတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေနိုင်ခြင်းတို့ကို အဖျော်ယမကာ တိုးတက်ဖွံ့ဖြိုးမှုအတွက် အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံရန် အခွင်အလမ်းများ ဖန်တီးပေးခြင်း ၊ နည်းပညာကူညီပံ့ပိုးမှုများ ပြုလုပ်ပေးခြင်း ၊ အခြေခံ အဆောက်အအုံများ အဆင့်မြှင်တင် ဆောင်ရွက်ပေးခြင်း နှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံမှု ရှိရေးတို့အတွက် မူဝါဒများ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

စားသုံးသူများ၏ အသိပညာ တိုးတက်လာမှုနှင့် အတူ သဘာဝအရသာ စစ်စစ် သစ်သီးဖျော်ရည်များ ၊ ဆေးဖက်ဝင် သစ်သီးဖျော်ရည်များနှင့် ကျန်းမာရေး အထောက်အကူပြု ဖျော်ရည်များကို သောက်သုံးမှု များပြားလာခြင်းသည်လည်း အခွင့်အရေးတစ်ခုအဖြစ် လုပ်ငန်း စတင် လုပ်ကိုင်လိုသူများအားဖြစ်စေ ၊ လုပ်ငန်းချဲ့ထွင် လုပ်ကိုင်လိုသူများကို ဖြစ်စေ ဆွဲဆောင်ပေးချက်ရှိပါသည်။

ဤကဲ့သို့ အခွင့်အလမ်းကောင်းများ ရှိနေသော အဖျော်ယမကာ ထုတ်ကုန်လုပ်ငန်းကို ကိုယ်တိုင် စတင် စီမံလုပ်ကိုင်ရန် (သို့) လည်ပတ်လျက်ရှိသော လုပ်ငန်းကို အဆင့်မြှင့်တင်ရန် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များ အတွက် လိုအပ်သောအကူညီထောက်ပံ့မှုများနှင့်နည်းပညာမြင့် စက်ယန္တရားများ ဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

Leave a comment