မရှိမဖြစ် တန်ဖိုးမြှင့်ထုတ်ကုန်ကဏ္ဍတွင် ပါဝင်သော Sauces(ဆော့စ်), Paste, Jam (သစ်သီးယို) များ၏ အရေးပါမှုအကြောင်းတစေ့တစောင်း

လူသားတို့၏ အသက်ရှင်ကျန်းမာရေး၊ ခန္ဓာကိုယ်ရှင်သန် တည်တံ့ရေးအတွက် လိုအပ်သော ဓာတ်တို့ကို အာဟာရပြည့်ဝစွာ စားသောက်ခြင်းမှ ရရှိနိုင်သည်။

နေ့စဥ်နဲ့အမျှ ရုန်းကန် သွားလာလှုပ်ရှား နေကြသော လူသားတို့သည် အာဟာရဟူသော အထောက်အပံ့ကြောင့် အသက်ရှင်သန်ကြရသည်။ အာဟာရပြည့်ဝမှုသည် ကျန်းမာခြင်းနှင့်ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးအထောက်အကူပြုစေပါသည်၊၊ထို့ကြောင့် တစ်နေ့တာအတွက် အာဟာရပြည့်ဝသောအစားအစာများကိုစားသုံးရန်လိုအပ်ပါသည်။ အာဟာရပြည့်ဝစွာ စားသုံးနိုင်ရန် သာမက အရသာရှိသောအစားအစာများကိုနေ့စဥ်စားသုံးနိုင်ရန်လည်း လိုအပ်ပါသည်။မိမိတို့နေ့စဥ်စားသုံးသောအစားအစာများကိုအရသာရှိစွာစိတ်ကြိုက်စားသုံးနိုင်ရန် ဖြည့်စွက်ပေးနိုင်သော Sauces(ဆော့စ်), Paste, Jam (သစ်သီးယို) များသည်လည်းအရေးပါသောနေရာမှာ ပါဝင်နေကြပါသည်။

Sauces (ဆော့စ်)

လူအများစု နားလည်ထားသော ဆော့စ်(Sauces) ဆိုသည်မှာ အရည် (သို့) အရည် နှင့် အဖတ် ပါဝင်သောအကူဖြည့်စွက်အစားအစာအဖြစ် လက်ခံထားကြပါသည်၊၊ ပုံမှန်အားဖြင့် ဆော့စ် ကိုသီးသန့် တမျိုးတည်းစားသုံးမှုအလွန်နည်းပါးပါသည်။

လူမျိုးတစ်ဦးချင်း အနေဖြင့်လည်းကောင်း ၊ ‌ဒေသ ကွဲခြားမှုအရသော်လည်းကောင်း စားသုံးမှုနှင့်ခေါ်ဝေါ်မှု မတူညီကြသော်လည်းအစားအစာများကို အရသာပိုမိုကောင်းမွန်စေရန် ဖန်တီးချက်ပြုတ်ရာတွင် ဆော့စ် သည်မရှိမဖြစ် အရေးပါကြောင်း လက်ခံသဘောတူထားကြပါသည်၊၊ကျွန်ုပ် တို့ နေ့စဥ်ချက်ပြုတ် စားသုံးရာတွင် ပါဝင်သော ပဲငံပြာရည်၊ ငါးငံပြာရည်၊ ခရုဆီ၊ ခရမ်းချဥ်သီးဆော့စ် နှင့် ငရုတ်သီးဆော့စ် များကို ဟင်းချက်ရာတွင် မပါမဖြစ် ပစ္စည်းအဖြစ် အရသာပိုမိုရရှိရန်ထည့်သွင်း ချက်ပြုတ်စားသုံးလျက်ရှိပါသည်။

Paste

Paste သည် ယေဘူယျအားဖြင့် ပျစ်သော အရည်ကို ရည်ညွှန်းသော ဝေါဟာရတစ်ခုဖြစ်သည်။ပုံမှန်အားဖြင့် ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ နှင့် အခြားအစားအစာပါဝင်ပစ္စည်းများမှ ပြုလုပ်ထားပြီးဟင်းချက်အထောက်အကူပြုပစ္စည်း အနေဖြင့်လည်း အနှစ်ပျော့ paste ကိုအသုံးပြုကြပါသည်၊၊ ခရမ်းချဥ်သီးနှင့် ငရုတ်သီး ပါဝင်သော paste များ၊ သစ်သီးများနှင့် အစေ့အဆံ များမှ ထုတ်လုပ်ထားသော paste များကိုနိုင်ငံတိုင်းတွင် ချက်ပြုတ်စားကြပါသည်။

မြန်မာ လူမျိုးတို့၏ ထမင်းဝိုင်းတွေ မပါမဖြစ် စားသုံးကြသော ငါးပိသည်လည်း Paste အမျိုးအစားထဲတွင်ပါဝင်ပါသည်၊၊

Paste မှ တဆင့်ရရှိသော (Puree) အား ဟင်းသီးဟင်းရွက် အသီးအနှံများမှ ထုတ်လုပ်ထားသော အသင့်စားအနေဖြင့်စားသုံးနိုင်ပါသည်၊၊ဥပမာအနေဖြင့် - သရက်သီးအနှစ်၊ ခရမ်းချဥ်သီးအနှစ်၊ ရွှေဖရုံသီးအနှစ် တို့ကို puree အနေဖြင့် စျေးကွက်တွင်ရရှိနိုင်ပါသည်၊၊

Jam (သစ်သီးယို)

သစ်သီးယိုများသည် အချိုအရသာကဲသော အစားအစာတမျိုးဖြစ်ပြီး ချေမွထားသော သစ်သီး၊သကြားနှင့် သဘာဝ ပျစ်နှစ်စေသော ပစ္စည်းများပါဝင်ပါသည်၊၊ သစ်သီးယိုကို များသောအားဖြင့် စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ သစ်တော်သီး နှင့် တရုတ်ဆီးသီး တို့ကို အသုံးပြု၍ထုတ်လုပ်ထားပါသည်၊၊ သစ်သီးယိုများကို မနက်ပိုင်းတွင် ပေါင်မုန့် ၊ ဝေဖာစသည်တို့ဖြင့်အများဆုံးတွဲဖက်စားသုံးကြပါသည်၊၊ သစ်သီးဝလံအမျိုးစုံကိုစိုက်ပျိုးနိုင်သော မြန်မာနိုင်ငံတွင်လည်းသစ်သီးတို့ကို ယိုထိုးလေ့ရှိသည်။ ပျဉ်းမနားခရမ်းချဉ်သီးယို၊ ပြည်မြို့ထွက်ယိုစုံ၊ မော်လမြိုင်ဒူးရင်းယိုစသည်ဖြင့် မြို့အလိုက်နာမည်ကြီးသောယိုမျိုးစုံသည် နိုင်ငံတစ်ဝန်းမှစားသုံးသူတို့၏အကြိုက် မြို့ပြန်လက်ဆောင်အဖြစ်ရောင်းချနေကြသည်။

သစ်သီးယို စားသုံးခြင်းကြောင့်

- စွဲမက်ဖွယ်အရသာရှိမှု

- အာဟာရတန်ဖိုးရှိမှု

- စွယ်စုံသုံးနိုင်မှု

- ကြာရှည်အထားခံမှု

- လွယ်ကူစွာ အသုံးပြုနိုင်မှု

- စျေးသက်သာမှု စသော အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါသည်၊၊

ဤကဲ့သို့သော အကျိုးကျေးဇူးများစွာ ရှိသော်လည်း သစ်သီးယိုသည်

- သကြားပါဝင်မှုမြင့်မားခြင်း

- သဘာဝမဟုတ်သော ပစ္စည်းများပါဝင်ခြင်း

- ဓာတ်မတည့်မှုဖြစ်ပေါ်နိုင်ခြင်း

- အချိုပါဝင်မှုကြောင့် လွန်ကဲစွာစားသုံးမိနိုင်ခြင်း

- အာဟာရတန်ဖိုး အကန့်အသက် ပါဝင်ခြင်း

- အဖုံးဖွင့်ပြီး ထားသိုရန် အခက်အခဲရှိနိုင်ခြင်း စသော ဆိုးကျိုးများလည်းရှိကြောင်းကို သိရှိရပါသည်။

Sauces(ဆော့စ်), Paste, Jam(သစ်သီးယို) များသည် နေ့စဥ်စားသောက်ရသော အစားအစာများအတွက် ပိုမိုကောင်းမွန်သော အရသာကိုရရှိနိုင်အောင် အထောက်အပံ့ပေးပါသည်၊၊ကြာရှည်စွာအထားခံနိုင်ပြီး နေရာတိုင်းတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။ဟင်းချက်ရာတွင် မရှိမဖြစ်လိုအပ်သော အရာများဖြစ်ပြီး ကျွန်ုပ်တို့၏အစားအစာများကို ပိုမိုကောင်းမွန်သောအရသာနှင့် စွဲမက်ဖွယ်ဟင်းပွဲအဖြစ် ပေးဆောင်နိုင်ပါသည်။

Sauces(ဆော့စ်), Paste, Jam(သစ်သီးယို) လုပ်ငန်းကို ကိုယ်တိုင် စတင် စီမံလုပ်ကိုင်ရန် (သို့) လည်ပတ်လျက်ရှိသော လုပ်ငန်းကို အဆင့်မြှင့်တင်ရန် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များ အတွက် လိုအပ်သောအကူညီထောက်ပံ့မှုများနှင့်နည်းပညာမြင့် စက်ယန္တရားများ ဖြင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများပေးခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်သောကြောင့် Super Seven Stars Industrial Development ကုမ္ပဏီ၏ Hotline နံပါတ် 09-940844255 (သို့) e-mail address ဖြစ်သည့် info@sssindustrialdevelopment.com သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။.

Leave a comment