လူသားတို့၏ စားဝတ်နေရေးတွင် အခြေခံအကျဆုံးသော ဆီများအကြောင်း
မြန်မာနိုင်ငံတွင် အဓိက စားသုံးသော ထမင်းကို ဆန်၊ စပါးမှ ရရှိသောကြောင့် ဆန်၊ စပါးသည် မြန်မာ့ စိုက်ပျိုးရေးလုပ်ငန်း၏ အရေးအပါဆုံးသော စိုက်ပျိုးသီးနှံဖြစ်ပြီး ထမင်းနှင့် တွဲဖက်စားသုံးရန်အတွက် ဟင်းလျာများ ချက်ပြုတ်ရာတွင် ဆီသည် မပါမဖြစ် အသုံးပြုရသည့် အရာဖြစ်သောကြောင့် ဒုတိယ အရေးအပါဆုံးမှာ ဆီထွက်သီးနှံများဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ နိုင်ငံတစ်ဝှမ်းလုံးရှိ အိမ်ထောင်စုများစွာ၏ နေ့စဉ် စားသုံးမှုတွင် အသုံးပြုနေကြရသော ဆီကို ဖူလုံစွာ ထုတ်လုပ်နိုင်ရေးနှင့် အာဟာရပြည့်ဝသည့် ဆီသန့်များ ထုတ်လုပ်နိုင်ရေးသည် မျက်မှောက်ခေတ်၏ စိန်ခေါ်မှု တစ်ရပ်အဖြစ် ရောက်ရှိလာခဲ့ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် ပြည်တွင်း၌ စားသုံးရန် ဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများကို အများအပြား စိုက်ပျိုးလာခဲ့ရာမှ ယခုအခါတွင် ဆီထွက်သီးနှံ အများဆုံး စိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါသည်။ အဓိကအားဖြင့် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်းတို့ကို စိုက်ပျိုးကြပြီး ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပုတ် စသည့် သီးနှံများကိုလည်း စိုက်ပျိုးကြပါသည်။
မြန်မာနိုင်ငံ၏ ရေမြေ ရာသီဥတု အခြေအနေအရ မြေပဲ၊ နှမ်း၊ နေကြာတို့ကို မြေပြန့်ဒေသတွင် အများဆုံး စိုက်ပျိုးကြပါသည်။ တောင်ကုန်း၊ တောင်တန်းဒေသဖြစ်သော ရှမ်းပြည်နယ်တွင် မြေပဲ၊ နှမ်း၊ နေကြာအပြင် ပဲပုတ်၊ ပန်းနှမ်း စသည်တို့ကိုလည်း တွင်ကျယ်စွာ စိုက်ပျိုး၍ ဆီအုန်းကို တနင်္သာရီတိုင်းဒေသကြီးတွင် စိုက်ပျိုးထုတ်လုပ်လျက် ရှိပါသည်။ ထို့နောက် ရရှိလာသော သီးနှံများကို သန့်စင်ကြိတ်ခွဲ၍ လုပ်ငန်းစဉ် အဆင့်ဆင့်ဖြင့် ဆီထုတ်လုပ်ကာ ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချလျက် ရှိပါသည်။
စပါးကြိတ်ခွဲခြင်းမှ ထွက်ရှိလာသော ဖွဲနုများကို အသုံးပြု၍ ကျန်းမာရေးနှင့် ညီညွတ်သော ဖွဲနုဆီများကိုလည်း ထုတ်လုပ်ရောင်းချကြပါသည်။ ထို့ကြောင့် မြန်မာ့ ဆီဈေးကွက်တွင် အာဟာရ ပြည့်ဝစွာပါရှိပြီး ကျန်းမာရေးနှင့် ညီညွတ်သော မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပုတ်ဆီ၊ ဖွဲနုဆီ စသည့် ဟင်းသီးဟင်းရွက်ဆီအမျိုးမျိုးကို တွေ့ရှိရပါသည်။
The foundation of quality peanut oil lies in agriculture, beginning with the cultivation of peanuts suited to Myanmar's tropical climate. To enhance oil concentration, farmers rely on high-quality seeds, fertile soil, and favorable weather conditions. Selective cultivation and modern agricultural techniques are employed to ensure high-quality harvests.
ယခုအခါတွင် စိုက်ပျိုးရေးသမား တောင်သူဦးကြီးများသည် မြေပဲဆီ ထုတ်လုပ်သည့်အခါ ဆီအထွက်နှုန်း ပိုမိုကောင်းမွန်စေရန်အတွက် အဆီပါဝင်မှု မြင့်မား၍ အရည်အသွေးကောင်းသော မြေပဲမျိုးများကို ရွေးချယ်စိုက်ပျိုးခြင်းနှင့် ခေတ်မီ စိုက်ပျိုးနည်းစနစ်များကို အသုံးပြု၍ စိုက်ပျိုးလာကြပြီ ဖြစ်ပါသည်။
မြေပဲ ရိတ်သိမ်းခြင်းနှင့် ထုတ်လုပ်မှု လုပ်ငန်းစဉ်တွင် စိုက်ပျိုးထားသော မြေပဲစေ့များ ရင့်မှည့်လာပါက ရိတ်သိမ်း၍ အခြောက်ခံကာ အခွံခွာရပါမည်။ အခြောက်ခံခြင်း အဆင့်သည် အလွန်အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် အခြောက်ခံခြင်းသည် အစိုဓာတ်ပါဝင်မှုကို နည်းပါးစေပြီး မြေပဲများ၏ အရည်အသွေးကို ထိန်းသိမ်းပေးခြင်းနှင့် သိုလှောင်ထားစဉ်အတွင်း ပျက်စီးခြင်းကို လျှော့ချပေးသောကြောင့် ဖြစ်ပါသည်။ ထို့နောက် သေချာစွာ ရွေးချယ်သန့်စင် အခြောက်ခံထားသော မြေပဲဆံများ ရရှိလာပါက ဆီထုတ်လုပ်ရန်အတွက် အဆင့်သင့်ဖြစ်ပြီ ဖြစ်ပါသည်။
မြေပဲမှ ဆီထုတ်လုပ်ရာတွင် လက်လှည့် ကြိတ်ဆုံဖြင့် ဆီကြိတ်ခြင်းနှင့် စက်ဖြင့် ဆီကြိတ်ခြင်းဟူ၍ နည်းလမ်း (၂) မျိုးရှိပါသည်။
- Cold Pressing (Traditional Method): လက်လှည့် ကြိတ်ဆုံဖြင့် ဆီကြိတ်ခြင်းမှ ရရှိလာသော ဆီကို ဆုံဆီဟူ၍လည်း ခေါ်ဝေါ်ကြပြီး မြေပဲများကို အပူမပါဘဲ ကြိတ်ခွဲခြင်းကြောင့် ဆီတွင် ပါဝင်သော အာဟာရဓာတ်များကို သဘာဝအတိုင်း ပြည့်ပြည့်ဝဝ ထိန်းသိမ်းထားနိုင်ပြီး အနံ့အရသာနှင့် ပြည့်စုံ၍ ကျန်းမာရေးနှင့် ညီညွတ်သော မြေပဲဆီသန့်များကို ရရှိစေပါသည်။
- Mechanical Pressing (Modern Method): စက်ဖြင့် ဆီကြိတ်ခြင်းသည် အပူနှင့် ဖိအားကို အသုံးပြု၍ ဆီထုတ်ယူခြင်းဖြစ်သည့်အတွက် မြေပဲဆံတွင် ပါဝင်သော အာဟာရဂုဏ်သတ္တိ အချို့ကို လျော့နည်းသွားနိုင်စေပါသည်။ သို့သော်လည်း စက်ဖိအားအရှိန်ဖြင့် မြေပဲဆံများကို ကြိတ်ခွဲခြင်းက ဆီထွက်နှုန်းကို ပိုကောင်းစေပါသည်။ ထို့ကြောင့် အကြီးစား ဆီထုတ်လုပ်မှု လုပ်ငန်းများတွင် ဆီကြိတ်စက်များကိုသာ အသုံးပြုကြပါသည်။